iMyanmarHouse.com - Best Property Website for Myanmar
×









ကမ္ဘာ့နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ခရစ်ဘရောင်းဟာ လူကခန့်ညားသလို သူစီးတဲ့ကားကိုလည်း အမြဲတမ်း မရိုးတဲ့ဒီဇိုင်း အမျိုးမျိုထွင်ပြီး အလှပဆုံးဖြစ်အောင် ဖန်တီးကာ စီးနေတဲ့သူလည်း ဖြစ်ပါတယ်။ ငွေကြေးချမ်းသာတဲ့အဆိုတော် ဖြစ်ပြီး ကမ္ဘာကျော်ပြိုင်ကားများစွာ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ခရစ်ဘရောင်းဟာ ယခုနောက်ဆုံး သူပိုင်ဆိုင်တဲ့Lamborghini Gallardo ပြိုင်ကားကို တက်တူးဆရာနဲ့ဒီဇိုင်းသစ် ပုံဖော်လိုက်တာပါ။ သူပိုင်ဆိုင်တဲ့စွမ်းအားမြင့် စူပါပြိုင်ကားပေါ်တွင် ဖော်ကျူးထားတာက သူ့ရဲ့ခံစားချက်သင်္ကေတကဗျာ တွေပါဘဲလို့  ဆိုထားပါ
တယ်။

ကားစက်ဖုံး ခေါ်မိုးနှင့် နောက်ဖုံးပေါ်တွင်တက်တူးဆရာရဲ့လက်ရာသပ်ရပ်လှတဲ့အနုပညာပြကွက်များကို
 တွေ့ရပြီး 16 နာရီကြာအောင် ရေးဆွဲခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာ 500,000 တန်ကြေးရှိတဲ့ဘရောင်းရဲ့Lamborghini နောက်ဆုံးဒီဇိုင်းကို အများကချီးကျူးခဲ့သလို ကားမီဒီယာတွင်လည်း ရေပန်းစားခဲ့တယ်လို့သိရပါတယ်။

Credit : Colay Automobile 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top