iMyanmarHouse.com - Best Property Website for Myanmar
×














ရပ်ပါဘိုးအေကြီး Ludacris ဟာ သူ့ရဲ့ ချစ်သူကောင်မလေးကို ဆန်းကြယ်စွာနဲ့ စေ့စပ်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ Ludacris ဟာ သူ့ရဲ့ချစ်သူကောင်မလေး EudoxieAgnanကို ဒီဇင်ဘာ ၂၆ ရက်နေ့က သူတို့ ၂ ဦးလုံးလေယာဉ်ပေါ်မှာ ရှိနေစဉ်မှာပဲ သူ့ရဲ့ချစ်သူကောင်မလေးကို ဒူးထောက်ပြီး စေ့စပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ချစ်သူကောင်မလေးကလည်း သာမန်အတိုင်း Yes လို့မဖြေနိုင်တော့ပဲ ၀မ်းသာစွာနဲ့ Hell Yes လို့ ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။ဒါကို Ludacris ကလည်း သူ့ရဲ့ Instagramမှာ သူမဟာ Yes လို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် Hell Yes လို့ပြန်ပြောခဲ့ပါတယ်လို့ ဟာသဆန်စွာနဲ့ ရေးသားခဲ့ပြီး သူတို့စုံတွဲရဲ့ ဓါတ်ပုံကိုလည်း #milehighproposalလို့ ခေါင်းစဉ်ပေးပြီး Instagramမှာ တင်ထားခဲ့ပါတယ်။

 Credit : Trend

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top