Miss World 2014 သရဖူကို တောင်အာဖရိကမယ် ဆွတ်ခူးသွားခဲ့
ကမ္ဘာတစ်ဝှမ်းလုံးကမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ Miss World 2014 ပြိုင်ပွဲကို လန်ဒန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီနှစ်အတွက် သရဖူကို ရရှိသွားသူကတော့ တောင်အာဖရိက က အသက်(၂၂)နှစ်အရွယ် ဆေးကျောင်းသူ Rolene Strauss ပဲ ဖြစ်ပါတယ်။ သူမကို သရဖူလွှဲပြောင်းပေးသူကတော့ ဖီလစ်ပိုင်က မယ် Megan Young ပဲဖြစ်ပါတယ်။
နိုင်ငံအသီးသီးက ရွေးချယ်ထားတဲ့ မယ်တွေအားလုံးမှာမှ အရည်အချင်း၊ အလှအပ၊ ဗဟုသုတပိုင်းဆိုင်ရာ အားလုံးကို စစ်ဆေးရွေးချယ်ပြီးမှသာ ခုလို သရဖူကိုအပ်နှင်းခဲ့ကြတာဖြစ်ပါတယ်။ First Runner-Up ကိုတော့ Miss Hungaryက Edina Kulcsar ကရရှိခဲ့ပြီး Second Runner-Upကိုတော့ Miss United Statesက Elizabeth Safrit တို့က အသီးသီးရရှိသွားကြပါတယ်။ ဒါ့အပြင် People Choice Award ဆုကိုတော့ Miss Thailand ဖြစ်တဲ့ Nonthwan Thongleng က ဆွတ်ခူးရရှိသွားပါတယ်တဲ့။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...