iMyanmarHouse.com - Best Property Website for Myanmar
×










Russell Peters ဟာ မနှစ်က ၀င်ငွေ ဒေါ်လာ ၂၁ သန်းထိရရှိခဲပါတယ်။ ဒါပေမယ့်လည်း လူအများစု က တော့ အခုချိန်အထိ သူဘယ်သူမှန်း မသိကြသေးပါဘူး။

တစ်ကယ်တော့ Russell Peters ဟာ တစ်ကိုယ်တော် လူရွှင်တော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ “Almost Famous” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ကမ္ဘာအနှံ့မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်နေသူဖြစ်ပါတယ်။ ဒါ့အပြင် Russell Peters ဟာ “Last Comic Standing” ဆိုတဲ့ ပြိုင်ပွဲမှာလည်း ဒိုင်တစ်ယောက် ဖြစ်ပါတယ်။

Peters ဟာ လူရွှင်တော်တွေထဲမှာ ၀င်ငွေ အကောင်းဆုံး အဖြစ်နဲ့လည်း နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့ အများဆုံး ၀င်ငွေဟာ ဒေါ်လာ သန်း ၄၀ အထိ ရှိခဲ့ပါတယ်။သူဟာ အခုချိန်မှာ ရုပ်ရှင်လောကထဲကိုလည်း ဖြန့်ကျက်လာပါပြီ။ ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ်မယ့် “TCB Baby” ဆိုတဲ့ ရုပ်ရှင်မှာ Whoopi Goldberg နဲ့ Meat Loaf တို့နဲ့ အတူ သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Peters ဟာ လက်ရှိမှာလည်း အားလပ်ရက် ဇာတ်လမ်းတို တစ်ခုဖြစ်တဲ့ “Grumpy Cat’s Worst Christmas Ever” ဇာတ်လမ်းမှာလည်း Santa Claus အဖြစ်ပါဝင်သရုပ်ဆောင်ထား ပါသေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top