touch-screen စမတ်ဖုန်း အသုံးပြုခြင်းဖြင့် အထူးစွမ်းရည်တချို့ ရရှိနိုင်
စမတ်ဖုန်းမှ touch screen ကိုပုံမှန်အသုံးပြုခြင်းဟာ သင့်လက်ချောင်းတွေနဲ့ ဦးနှောက်အလုပ်လုပ်မှုကို ပြောင်းလဲစေတယ်လို့ လေ့လာချက် အသစ်တစ်ခုက ဖော်ပြထားပါတယ်။
ခေတ်မမီတော့တဲ့ ဆဲလ်ဖုန်းသုံးသူတွေထက် သူတို့ရဲ့ လက်ချောင်း၊ လက်မ လေးတွေနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ touch-screen ဖုန်းအသုံးပြုသူတွေရဲ့ ဦးနှောက်လှုပ်ရှားမှု ပိုမိုကောင်းမွန်ကြောင်း သုတေသီတွေက ပြောဆိုခဲ့ပါတယ်။
ချောမွတ်တဲ့ touch-screen မျက်နှာပြင်ပေါ် အမြဲလှုပ်ရှားနေရခြင်းကြောင့် လက်ချောင်းတွေကတဆင့် ဦးနှောက်အာရုံကြောစနစ်အစွမ်းထက်အောင် ပြောင်းလဲဖန်တီးတယ်လို့ လေ့လာတွေ့ရှိချက်တွေက
ဖော်ပြထားပါတယ်။
စမတ်ဖုန်း အသုံးပြုခြင်းမှ စတင်လာတဲ့ ပြောင်းလဲမှုအတိုင်းအတာက တကယ် အံ့သြဖို့ကောင်းတယ်လို့ Switzerland က Zurich တက္ကသိုလ်မှ Arko Ghosh ကပြောဆိုသွားပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...