iMyanmarHouse.com - Best Property Website for Myanmar
×










Victoria's Secret မော်ဒယ်တွေဖြစ်တဲ့ Karlie Kloss နဲ့ Adriana Lima တို့က အားလုံးအားကျငေးမောရတဲ့ သူတို့ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး ခုလို ဖွင့်ဟသွားပါတယ်။

Karlie Kloss

လူတွေကတော့ ကျွန်မတို့လုပ်နေရတဲ့အရာတွေ၊ အဓိကဘာတွေစားသောက်နေရတယ်ဆိုတာ နည်းနည်းလေးတောင် သိမှာမဟုတ်ပါဘူး။ ကျွန်မတို့လည်း လူတွေပါပဲ။ သာမာန်ပါပဲ။ ဒါပေမယ့် ကျွန်မက ဘ၀ကို ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြစ်သန်းတယ်။ အလုပ်ကိုတော့ ကြိုးစားပြီးလုပ်တယ်။ ကိုယ့်အလုပ်အတွက်၊ ခန္ဓာကိုယ်အတွက် ကစားတယ်။ ကိုယ့်ကိုယ်ကို ထရိန်းတယ်။ သွက်လက်နေအောင်၊ ကျန်းမာနေအောင် အမြဲကြိုးစားတယ်။ လူပဲလေ။ စားချင်သောက်ချေင်တာတွေကတော့ အများကြီးပေါ့။ အချိုတွေလည်း စားချင်တာပဲ။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် ထိန်းရတာပါပဲ။ ဒီတော့မှ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားရမှာပေါ့။ သူများတွေလုပ်သလို ၀ိတ်ချတာမျိုးတော့ ဘယ်တော့မှမလုပ်ဘူး။ အဲ့ဒီလိုမျိုး တက်လာမှ ပြန်ချနေမယ့်အစား အစကတည်းက ထိန်းတယ်။ ကျန်းမာအောင် နေတယ်။

Adriana Lima

ကျွန်မရဲ့ခန္ဓာကိုယ်က ကျွန်မကလေးမွေးပြီးကတည်းက ပြောင်းလဲသွားတယ်။ ဒီအတွက် ကျွန်မ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ရတယ်။ ကိုယ့်ကိုယ်ကိုအမြဲ ပြန်စစ်ဆေးနေရတယ်။ ဒါကိုကျွန်မလုပ်မှကို ဖြစ်မှာလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျွန်မအလုပ်ဖြစ်နေတာကိုး။ ကလေးရှိပြီးသွားရင်တော့ ဘ၀ရဲ့တန်ဖိုးဟာဘာဆိုတာ လူတိုင်းပိုသိသွားတာချည်းပါပဲ။ ဒီနေ့ခေတ် အမျိုးသမီးတွေက ကိုယ့်အားကိုယ်ကိုးလာကြပြီ။ အလုပ်တွေကိုယ်စီနဲ့ တစ်ဦးတည်း ရပ်တည်လာနိုင်ပြီ။ ဒါဟာ ကျွန်မအတွက် ယုံကြည်မှုတွေ တိုးစေတဲ့ အချက်ပဲ။

Jourdan Dunn

ကိုယ်က ဆယ်ကျော်သက်ဆိုတော့ ဖြစ်ချင်ခဲ့တာက အကသမား၊ ဒါမှမဟုတ် မင်းသမီးတစ်ယောက်ပေါ့။ အရင်ကဆို မှန်ကြည့်ရမှာကိုတောင် သိပ်မုန်းခဲ့တာ။ အရပ်ကရှည်ရှည် ပိန်ပိန်ဆိုတော့လေ။ လူတွေက ကျွန်မကိုမြင်တိုင်း နင်က မော်ဒယ်ဖြစ်သင့်တာ။ အဲ့ဒီအချိန် ကျွန်မတွေးမိတာက ငါ့အရပ်၊ ငါ့ဝိတ်နဲ့ဆို မော်ဒယ်ဖြစ်နိုင်သားပဲဆိုပြီးတော့ပေါ့။ အဲ့ဒီနောက်ပိုင်း ကျွန်မ စကြိုးစားတော့တာပဲ။ ပိုသိလာတာက ကိုယ့်ရဲ့အားနည်းချက်၊ အပြစ်အနာအဆာအတွက် အားသာချက်ဘယ်လိုဖြစ်နိုင်သလဲဆိုတာ တွေးတတ်ဖို့လိုတယ်ဆိုတာကိုပါပဲ။ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရယူတတ်ဖို့ လိုပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top