iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Bobby Brackin နဲ့ မကြာခင်က ပြုလုပ်တဲ့ Vice မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ သူက 2NE1က CL အကြောင်း ပြောသွားသလို သူမဟာ နောက်ထပ် ရော့ခ်အဖွဲ့ Florence and the Machine နဲ့ အလုပ် တွဲလုပ်ဦးမှာ ဖြစ်တဲ့အကြောင်း ကိုပြောပြသွားပါတယ်။

"ကျွန်တော် အခု CLနဲ့ သူငယ်ချင်းဖြစ်နေပါပြီ။ သူမဟာ ကိုရီးယားနိုင်ငံရဲ့ အမိုက်ဆုံးအနုပညာရှင်ပါပဲ။ အရင်ကတည်းကလည်း သူမနဲ့ အလုပ်တွေ တွဲလုပ်ခဲ့ဖူးတယ်။ သူမက တော်တော်လေးကို ဖန်တီးနိုင်စွမ်း ကောင်းတယ်။ တော်လည်း တော်တယ်"လို့ သူက ဆိုပါတယ်။

အင်တာဗျူးထဲမှာ သူထပ်မံ ဖွင့်ဟသွားတဲ့ Florence and the Machine ဆိုတဲ့ အဖွဲ့ဟာ နာမည်ကြီးရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၅၃ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ ဂရမ်မီဆုပေးပွဲမှာ Rookie of the Year ဆု လျာထားခြင်းခံခဲ့ရတဲ့ အဖွဲ့ပါ။ သူတို့အဖွဲ့နဲ့ CL သီချင်းအတူ လုပ်မယ်ဆိုတဲ့ သတင်းဟာ တကယ့်ကို ထူးခြားလှတဲ့ သတင်းပါ။ ဒါ့အပြင် CL ဟာ သူမရဲ့ တစ်ကိုယ်တော်အခွေ အတွက်လည်း အချိန်ပေး ဖန်တီးနေတယ်လို့ သိရပြီး အခွေထဲမှာ ပရိသတ်တွေ ထူးခြားအံ့အားသင့်စေမယ့်အရာတွေ ယူဆောင်လာနိုင်ဖွယ် ရှိနေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top