iMyanmarHouse.com - Best Property Website for Myanmar
×










အတိတ်၊ လက်ရှိ(ပစ္စုပန်)နဲ့ အနာဂတ် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို တစ်ဦးတစ်ယောက်မကျန် Angelina Joelie  ဆက်လက်တွေ့ဆုံနေဦးမှာဖြစ်ပါတယ်။ သမ္မတအိုဘားမားနဲ့ မလုံလောက်ပါဘူး။ ဘီလ်ကလင်တန်နဲ့ မပြီးသေးပါဘူး။ အဲလိဇဘက်ဘုရင်မ နဲ့လည်း မဆုံးသေးဘူး။ ယခု ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှုက သူမအတွက် ခဏတဖြုတ် ကျေနပ်စေကောင်း ကျေနပ်စေပါလိမ့်မယ်။ သို့ပေမယ့် ဒါနောက်ပိတ်ဆုံးတော့ မဟုတ်သေးပါ။ သတိထားစောင့်ကြည့်… Angela Merkel… နောက် ခင်ဗျားအလည့်ပဲ။

ဒါပေမယ့် ပုပ်ရဟန်းမင်းကြီး အကြောင်းပြန်သွားရရင် ပုပ်ရဟန်းမင်းကြီးအတွက် ရိုက်ကူးထားတဲ့ သူမရဲ့ Unbroken ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသမယ့် ကြာသပတေးနေ့မှာ ဗာတီကန်ကို ရောက်ရှိခဲ့ပါတယ်။ ကျွန်မရဲ့ ရုပ်ရှင်ဇာတ်ကားကြောင့် ဗာတီကန်နန်တော်သို့ ဖိတ်ကြားခံရလိုက်ရတာ ဂုဏ်ပြုမှု တစ်ရပ်ပင်ဖြစ်ပါတယ်။ Unbroken ဇာတ်ကားထဲက ကျွန်မပြောပြခဲ့တဲ့ အဖြစ်အပျက် ပုံပြင်လေးအတွက် ချီးကျူးဂုဏ်ပြုမှုတွေ ဖြစ်ကြောင်း သူမက Us Weekly သတင်းထုတ်ပြန်ချက်တစ်ခုထဲတွင် ပြောဆိုခဲ့ပါတယ်။

လူစွမ်ကောင်း Louis အကြောင်းက ကြံ့ခိုင်မှုနဲ့ ခွင့်လွတ်ခြင်းတို့ရဲ့ စံနာမူနာကောင်း တစ်ခုပဲဖြစ်တယ်။ ၄င်းရုပ်ရှင်ပွဲကြီးကို ပုပ်ရဟန်းမင်းကြီး တက်ရောက်ဖို့ မျှော်လင့်ခဲ့ပေမယ့် တက်ဖြစ်မတက်ဖြစ်ဆိုတာ တကယ်ပဲ မသေချာခဲ့ဘူးလို့ Universal Pictures Italia မှ ထုတ်ဖော်ကြေငြာချက်တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့်လို့ ပုပ်ရဟန်းမင်းကြီးက Angelina နဲ့ ပုဂ္ဂိုလ်ရေးတွေ့ဆုံမှု တစ်ခုရှိခဲ့ပါတယ်။ အစီအစဉ် အပြောင်းအလဲလေး တစ်ခုကြောင့် သူမနဲ့အတူ Brat Pitt လိုက်ပါမလာနိုင်ခဲ့ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top