iMyanmarHouse.com - Best Property Website for Myanmar
×








အမေရိကန် အဆိုတော်မက်ဒေါနားသည် ၎င်း၏တေးအယ်လ်ဘမ်သစ် Rebel Heart ကိုကြော်ငြာရာတွင် ကိုယ့်ကိုယ်ကိုယ် မာတင်လူသာကင်း၊ နယ်လ်ဆင်မန်ဒဲလားကဲ့သို့သော ကမ္ဘာက လေးစားရသည့်ပုဂ္ဂိုလ် ကြီးများနှင့်နှိုင်းယှဉ်ဖော်ပြခဲ့၍ ပရိသတ်များက ၎င်းအပေါ် ဒေါသထွက်ခဲ့ပြီး မလေးမစားလုပ်သည်ဟုဝေဖန်ခဲ့ကြသည်။

အသက် (၅၆)နှစ်အရွယ် ပေါ့ပ်အဆိုတော်မက်ဒေါနားသည်၎င်း၏ Rebel Heart အယ်လ်ဘမ်ကို မာတင်လူသာကင်း၊ နယ်လ်ဆင်မန်ဒဲလား၊ ဘော့ဘ်မာလေးတို့နှင့်နှိုင်းယှဉ်၍ တွစ်တာနှင့် Insta-gram လူမှုစာမျက်နှာများ၌ဖော်ပြခဲ့သည်။ မက်ဒေါနားသည် ကြိုးများနှင့်ရစ်ပတ်ထားသော ၎င်း၏မျက်နှာပုံကို Rebel Heart အယ်လ်ဘမ်မျက်နှာဖုံးအဖြစ်ပြုလုပ်ထားသည်။ ထို့နောက်တွင် မက်ဒေါနားသည် မာတင်လူသာကင်း၊ နယ်လ်ဆင်မန် ဒဲလားနှင့် ဘော့ဘ်မာလေးတို့၏ ဓာတ်ပုံများကို ၎င်း၏တေးအယ်လ်ဘမ်မျက်နှာဖုံးအတိုင်းပြင်ဆင်၍ လူမှုစာမျက်နှာများ၌ ဖော်ပြခဲ့သည်။

မက်ဒေါနားသည် မာတင် လူသာကင်း၏ဓာတ်ပုံနှင့်အတူ Rebel Heart အယ်လ်ဘမ်၌လည်း အိပ်မက်တစ်ခုရှိခဲ့သည်ဟုရေး သားခဲ့ပြီး တောင်အာဖရိကခေါင်း ဆောင် နယ်လ်ဆင်မန်ဒဲလား၏ ဓာတ်ပုံနှင့်အတူ Rebel Heart အယ်လ်ဘမ်သည် လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ခဲ့သည်ဟုရေး
 သားပြီး လူမှုစာမျက်နှာများပေါ် တင်ခဲ့သည်။ လူမှုစာမျက်နှာများ ပေါ်သို့ ယင်းဓာတ်ပုံများရောက်ရှိ ပြီး မိနစ်ပိုင်းအတွင်းမှာပင် ကမ္ဘာ တစ်ဝန်းမှ ပရိသတ်များက မက် ဒေါနား၏အယ်လ်ဘမ်ကြော်ငြာ အပေါ် စိတ်ပျက်ကြောင်းဖော်ပြ ခဲ့ပြီး ၎င်း၏လုပ်ရပ်မှာ ရိုင်းပျ သည်ဟုဝေဖန်ခဲ့ကြသည်။ မက် ဒေါနား၏ ၁၃ ခုမြောက်စတူဒီယို အယ်လ်ဘမ် Rebel Heart သည် မတ်လ ၁၀ ရက်တွင်ထွက်ရှိမည် ဟုသိရသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top