iMyanmarHouse.com - Best Property Website for Myanmar
×











အမေရိကန်အဆိုတော် မိုင်လီဆိုင်းရပ်စ်ထိုင်နေသည့် မျက်နှာချင်းဆိုင်စားပွဲပေါ်တွင် မူးယစ်ဆေးဝါးများ ပြန့်ကျဲလျက်ရှိသည့် ဓာတ်ပုံများထွက်ပေါ်လာပြီးနောက် ပရိသတ်များအကြားတွင် မိုင်လီသည် မူးယစ်ဆေးဝါးများ ထပ်မံသုံးစွဲလျက်ရှိသည်ဟူသော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

The Sun သတင်းစာသည် ယင်းဓာတ်ပုံများကို ရိုက်ယူနိုင်ခဲ့သည့်အပြင် မိုင်လီဆိုင်းရပ်စ်၏ ဒူးခေါင်းပေါ်တွင် လက်တော့ပ်ကိုတင်ကာ ဆိုဖာပေါ်တွင် အနားယူနေသည့် ပုံများကိုလည်း ရိုက်ယူနိုင်ခဲ့သည်။

မိုင်လီဆိုင်းရပ်စ် မျက်နှာချင်းဆိုင်ရှိ စားပွဲပေါ်တွင် ဆေးခြောက်နှင့်ဆင်တူသော အရာများ၊ စီးကရက်ဘူးတစ်ဘူး၊ ဒေါ်လာ စက္ကူအလိပ် တစ်ရွက်နှင့် အဖြူရောင် ပေါင်ဒါမှုန့် များကို တွေ့ရသည်။
အဆိုပါပုံရိပ်သည် ၂၀၁၄ ခုနှစ်၊ နိုဝင် ဘာ၂၆ ရက်က လော့စ်အိန်ဂျလိစ်တွင် မိုင်လီ အသံသွင်းနေစဉ် ၎င်း နှင့်အတူ အလုပ်လုပ်ကိုင်သော လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရိုက်ယူခဲ့သည့် ဓာတ်ပုံဖြစ်ပြီး ယင်းဓာတ်ပုံကို သတင်းစာသို့ ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

အလားတူ သီတင်းပတ်အတွင်း မိုင်လီဆိုင်းရပ်စ်သည် နေအိမ်နှင့် စတူဒီယိုတွင် သီချင်းသစ်အတွက် အသံသွင်းနေစဉ် မူးယစ်ဆေးဝါး သုံးစွဲနေသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းသည် ယခုအခါ အသက် ၂၂ နှစ်ရှိ ပြီဖြစ်သည်။

Credit : Mizzima

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top