iMyanmarHouse.com - Best Property Website for Myanmar
×













 အနုပညာ ပျိုးခင်း၏ စင်တင် မင်းသမီး ဖြစ်သည့် ရတနာဗိုက ဆရာသမား များ၏ သင်ပြမှုကို ကြိုးစား သင်ယူမည် ဖြစ်ပြီး တပည့်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောသည်။ ညီမက ကိုလူမင်းနဲ့  ပထမဆုံးရိုက် ရပါတယ်။ အဲဒီကားလေးထဲ မှာတော့ သွက်သွက် လက်လက် ပုံစံလေးပေါ့။ သီချင်း ဆိုတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ထား ပါတယ်။

ဟာသ ကားလေး ဆိုတော့ တစ်ကားလုံးလည်း ရယ်ရတယ်။ ပထမဦး ဆုံးကား ဆိုတော့ ကားရိုက်ရ တာက အခက်အခဲလေး တွေတော့  ရှိတယ်။ သွက်သွက် လက်လက် ပုံစံလေး သရုပ်ဆောင် ရတော့ ညီမရဲ့ အပြင်က ပုံစံ နဲ့တော့ မတူဘူး။ နည်းနည်း ကြိုးစားပြီး လုပ်ရတယ်။ အန်ကယ်လေး ကလည်း  သင်ပေး ပါတယ်။  ဒါရိုက်တာရော ကျန်တဲ့ အနုညာရှင်တွေ ကလည်း သင်ပေး ကြတယ်။

အဲဒါ ကြောင့် အဆင်ပြေပြေ လေးတော့ ပြီးသွားခဲ့ ပါတယ်။ နောက်ထပ် ရိုက်မယ့်ကားတွေ မှာလည်း ဆရာတွေရဲ့ သင်ပြမှုတွေ နဲ့ပဲ ခရီးဆက်ရမှာ ပဲလေ။ ညီမကလည်း အတတ်နိုင် ဆုံးတော့ လုပ်ဆောင်သွား မှာပါ။ ညီမ အနေနဲ့ ကတော့ ပုံစံမျိုးစုံတော့ လုပ်ကြည့်ချင်တာပေါ့နော်။ ညီမ နဲ့ ဘယ်လို လိုက်ဖက်မှု ရှိမလဲ ဆိုတာ ကိုလည်း မသိသေး ဘူးလေ။ အခုမှ စရိုက်တာ ဆိုတော့ အကုန်ကို လုပ်ကြည့် ချင်တာ။ အခုလည်း အနုပညာ ပျိုးခင်းက ရွေးလို့ နေရာတစ် နေရာကို ရောက်သွားပြီ ပေါ့နော်။

အဲဒါကြောင့် သင်ပေးတဲ့  ဆရာတွေရဲ့ လမ်းညွှန်မှု အတိုင်း ကြိုးစား သွားမယ်။ ဆရာ တွေက တပည့် တစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ အပေါ်မှာ တပည့်ကောင်း တစ်ယောက် ဖြစ်အောင် ပရိသတ် ကလည်း မျှော်လင့်ရကျိုး နပ်အောင် ညီမအနေနဲ့ လုပ်သွားမှာပါ ဟု ရတနာဗိုက ပြောသည်။ ရတနာဗိုသည် လာမည့် (၂) ရက်နေ့တွင်  သရုပ်ဆောင် လူမင်းနှင့် တွဲ၍ ဇာတ်ကား ရိုက်ကူးရန်ရှိ ကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top