iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ခါက ပညာရှိတစ်ဦး ဆီမှာပညာလာသင်ကြတဲ့ ကျောင်းသားတွေ အော်ဟစ်ရန်ဖြစ်နေပါတယ်။ပညာရှိကကြားတော့ သှူုတပည့်တွေဆီကို လာခဲ့ပါတယ်။တပည့်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်အော်ပြောပြီးတော့ အသံတွေ ကျယ်လောင်နေပါတယ်။ပညာရှိက ထိုကျောင်းသားတွေထဲကို ၀င်သွားပါတယ်။ပြီးတော့ ဘာလို့ဒီလောက်ဆူညံနေတာလဲလို့ မေးတာပေါ့။

တပည့်တွေက ဒေါသထွက်လွန်းလို့ သည်းမခံနိုင်တော့လို့ တစ်ယောက်ကို တစ်ယောက်အော်ပြောနေတာလို့ ဖြေပါတယ်။ပညာရှိကမေးပါတယ် ဒီလိုမျိုး ဘေးချင်းကပ်နေပြီးတော့ အချင်းချင်းဘာကြောင့် အော်ပြောနေတာလဲ။သူတို့ မကြားနိုင်ဘူးလို့ ထင်လို့ အော်ပြောနေတာလား။

ကျောင်းသားတွေ မဖြေနိုင်ကြတော့ပါဘူး။အဲတော့မှ ပညာရှိက
" ဒေါသဆိုသည်မှာ လူတစ်ဦးနှင့်တစ်ဦးကို အလှမ်းဝေးစေ၏။ခင်မင်သူအချင်းချင်း၏ စိတ်ချင်းလဲ အလှမ်းဝေးစေနိုင်သည်။ထို့ကြောင့် ဒေါသထွက်သဖြင့် ယခင်က စိတ်ချင်းနီးခဲ့သော်လဲ ဒေါသကြောင့်အလှမ်းဝေးသွားသည်ကို သင့်ရဲ့မသိစိတ်က သိသဖြင့် သင့်အားအော်ပြောရန် အချက်ပေးခြင်းဖြစ်သည်။

မေတ္တာဆိုသည်မှာ လူသားတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းနီးစပ်စေ၏။မေတ္တာမျှနေသောသူများကား သူတို့စိတ်ချင်းနီးစပ်နေသဖြင့် ကျယ်လောင်စွာအော်ပြောရန်မလို တိုးတိုးသာပြော၏"

ထို့ကြောင့် တပည့်တို့ အခုလို ကျယ်လောင်စွာ အော်ဟစ်ခြင်းမှာ ဒေါသက အသင်တို့ကို အလှမ်းဝေးစေခြင်းကြောင့် ဖြစ်သည်။

Credit : မောင်စိုင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top