iMyanmarHouse.com - Best Property Website for Myanmar
×










လူတစ်ဦးတစ်ယောက်ဆီမှာ သုံးသပ်ဝေဖန်တဲ့ စကားတစ်ခွန်းကိုခံစားလိုက်ခြင်းဖြင့် ကိုယ့်ရဲ့တစ်နေ့တာကို ပျက်စီးစေနိုင်ပါတယ်။

ဒီလိုဝေဖန်သုံးသပ်ချက်ဟာ မနာလိုတာကြောင့်လဲ ဖြစ်နိုင်သလို မစဉ်းစားဘဲပြောဆိုလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊ ဒီအပေါ်မှာခံစားနေဖို့ မထိုက်တန်ပါဘူး။ ဒီလိုဝေဖန်သုံးသပ်ချက်တွေကို မခံစားသင့်ကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အောက်မှာတော့ ကြီးမားခိုင်လုံတဲ့ အကြောင်းပြချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။သူတို့တွေမှာ အဆင်မပြေတဲ့နေ့တစ်နေ့ ဖြတ်သန်းခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။

လူတွေရဲ့ ဝေဖန်သုံးသပ်ချက်ဟာ သူ့တစ်နေ့တာမှာရင်ဆိုင်ခဲ့ရတာကို တုံ့ပြန်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ စိတ်မရှည်လက်မရှည် ဖြစ်နေတဲ့နေ့ကို ဖြတ်သန်းခဲ့ရလို့လား။ မဟုတ်ရင်လည်း မနက်တိုင်းသောက်နေကျ ကော်ဖီလေးတစ်ခွက် မသောက်ခဲ့ရလို့ သူတို့ခံစားချက်ကို ထိခိုက်နေလို့လားပေါ့။ ဒီလိုလူတွေရဲ့ ဝေဖန်သုံးသပ်ချက်ဟာ သူတို့ရဲ့အဆင်မပြေတဲ့ နေ့တစ်နေ့ရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် နားလည်ထားမယ်ဆိုရင်တော့ ကိုယ့်အတွက် အလွန်စိတ်သက်သာရာရမယ့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၂။ကိုယ့်အကြောင်းပြောနေတာ တကယ်မဟုတ်ပါဘူး။

တစ်ဖက်လူပြောတဲ့ စကားဆိုတာသူတို့ကိုယ်တိုင် ခံစားသိရှိခဲ့တာတွေပေါ် မူတည်ပြီးပြောဆိုခြင်းဖြစ်ပါတယ်။ လူတိုင်းရဲ့ ခံစားချက်နဲ့ စိတ်ကူးတွေဆိုတာ အကြောင်းအရာများစွာရဲ့ လွှမ်းမိုးမှုကို ခံထားရပါတယ်။ ဥပမာ – သူတို့ကြီးပြင်းလာတဲ့ အကြောင်း၊ သူတို့ ဘဝအတွေ့အကြုံတွေနဲ့ သူတို့ကိုယ်ပိုင် စိတ်နေသဘောထားတွေပေါ့။ သူတို့ကိုယ့်အပေါ် သုံးသပ်ဝေဖန်ချက်က ဒီအချက်တွေပေါ် မူတည်ပြီး သူတို့ မြင်တဲ့အမြင်နဲ့သုံးသပ်ရတာပါ။ ကိုယ်အမှန်တကယ် သိနေတဲ့ကိုယ့်အကြောင်း အစစ်အမှန်တွေကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဝေဖန်သုံးသပ်ချက်တွေဟာ ကိုယ့်တစ်နေ့တာကို ပျက်စီးစေတာမျိုး အဖြစ်မခံပါနဲ့။
၃။သုံးသပ်စကားတွေကို ယူသင့်တာယူပြီး ပယ်သင့်တာပယ်ပါ။

လူတွေရဲ့ သုံးသပ်ဝေဖန်ချက်တွေကို ကာကွယ်နေမယ့်အစား ပွင့်လင်းသောစိတ်ထားရှိတာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ တစ်ခြားလူတွေအားလုံးထက်ပိုပြီး ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ။ သုံးသပ်ဝေဖန်တာတွေကို စီစစ်ပါ။ မှန်ကန်တာတွေကို သင်ယူမယ်၊ ကျန်တာတွေကိုတော့ မေ့လိုက်ပါ။
၎။ဒီကမ္ဘာပေါ်မှာ ရိုင်းပြတဲ့လူတွေရှိတယ်ဆိုတာလည်း သိထားရမယ်။

လူတွေ ဝေဖန်သုံးသပ်ချက်က ကိုယ့်အပေါ် မသက်ရောက်သင့်ကြောင်း ခိုင်လုံတဲ့ အကြောင်းတစ်ချက်ကတော့ သူတို့စကားတွေဟာ ကောင်းတဲ့နေရာက လာတာမဟုတ်လို့ပါ။ ကျွန်မတို့ လူ့လောကမှာ ရိုင်းပြပြီး အစွန်းရောက်တဲ့လူတွေ ရှိနေတာပဲလေ။ သူတို့ဘယ်လိုလူလဲ ဆိုတာပေါ်မူတည်ပြီး သူတို့စကားတွေကိုလည်း တန်ဖိုးသတ်မှတ်နိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီလိုဝေဖန်သုံးသပ်ချက် ထွက်လာတဲ့ အရင်းအမြစ်ကို စဉ်းစားကြည့်ဖို့ လိုပါတယ်။
၅။ဝေဖန်တဲ့လူဟာ လူတစ်ယောက်ပဲရှိပါသေးတယ်။

ကမ္ဘာပေါ်မှာလူသန်းပေါင်း(၇၀၀၀)ကျော် ရှိပါတယ်။ ကိုယ့်ကိုဝေဖန်ပြောဆိုတဲ့လူက တစ်ယောက်တည်းပါ။ ဆိုလိုတာက လူသန်းပေါင်း (၇၀၀၀)ရဲ့ ဝေဖန်ပြောဆိုတာတွေထဲကမှ တစ်ခုပဲရှိပါသေးတယ်။ ဒီတစ်ခုတည်းနဲ့ကိုယ့်ရဲ့ တစ်နေ့တာကိုပျက်စီးခံဖို့ နာကျင်ခံစားနေရဖို့ မထိုက်တန်ပါဘူး။
၆။အဆင်မပြေတဲ့ နေ့တစ်နေ့ဖြတ်သန်းလိုက်ရဖို့ မထိုက်တန်ပါဘူး။

အဆင်ပြေချောမွေ့တဲ့ နေ့တစ်နေ့ဆိုတာရဖို့ ကိုယ့်ဘက်က ကြိုးစားအားထုတ်ရပါတယ်။ ကောင်းတာတွေဖြစ်လာဖို့ အားထုတ်မှုတွေ ရှိပါတယ်။ ဒီအားထုတ်ထားတာတွေအပေါ် တစ်စုံတစ်ယောက်က ထိခိုက်ခြိမ်းခြောက်လာတာမျိုးအဖြစ်မခံပါနဲ့။ ဟားလိုက်ပါ၊ ရယ်ချလိုက်ပါ။ မကြားသလိုနေလိုက်ပါ။ ကိုယ့်ရဲ့ သာယာတဲ့နေ့လေးကိုကာကွယ်ဖို့ လုပ်ဖို့လိုအပ်တာမှန်သမျှ လုပ်လိုက်ပါ။

Credit : Gandawin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top