iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ချို့ကပြောပါတယ်။ "အများကြီးကြိုးစားလည်း ဒီလစာပဲ၊ ရေသာခိုအချောင်လိုက်လည်း ဒီလစာပဲ၊ ဘာမှကြိုးစားဖို့မလိုပါဘူးတဲ့"။ ဒီစကားကိုပြောတဲ့သူတော်တော်များများကလည်း မအောင်မြင်တဲ့သူတွေပါပဲ။
အလုပ်တစ်ခုကိုမဖြစ်မနေလုပ်၇ပြီဆိုရင် အကောင်းဆုံးသာလုပ်ဆောင်သင့်ပါတယ်။ သင့်ရဲ့လစာတိုးချင်မှတိုးလာမယ်။ သင့်ရဲ့ဝင်ငွေတိုးချင်မှတိုးလာမယ်။ ဒါပေမယ့် အဲ့ဒိအရာတွေထက်တန်ဖိုးကြီးမားတဲ့ သင့်ရဲ့ဂုဏ်သိက္ခာတော့တိုးတက်လာမှာအမှန်ပါပဲ။

သင့်၇ဲ့စွမ်းဆောင်ရည်လည်းတိုးတက်လာပါလိမ့်မယ်။ အောင်မြင်တဲ့သူတွေက
သူတို့လုပ်တဲ့အလုပ်အပေါ်စေတနာထားလေ့ရှိပါတယ်။ စေတနာပါမှလည်း
အလုပ်တစ်ခုကအောင်မြင်တာပါ။ "မိမိအလုပ်ကိုစေတနာထားခြင်း"ဟာ
အတော်လေးကို ဂုဏ်ယူသင့်တဲ့အရာပါ။ ဆိုက်ကားပဲနင်းအုံး ဂုဏ်၇ှိပါတယ်။
အဲ့ဒိလူမျိုးကိုလည်း လူတော်မှန်သမျှက အထင်ကြီးပါတယ်။

"မင်းအလုပ်ကြိုးစားလည်း အပိုပါပဲ"လို့ ပြောတဲ့သူတွေရှိရင် သူတို့ကို တစ်ခါလောက်စေ့စေ့စပ်စပ်လေ့လာကြည့်ပါ။ သူတို့ကအောင်မြင်နေသူတွေလား? မဟုတ်ပါဘူး။ ဘယ်တော့မှ အောင်မြင်တဲ့သူတွေက ဖြစ်ကတတ်ဆန်းလုပ်ဖို့ပြောလေ့မရှိပါဘူး။
မိမိအလုပ်ကိုစေတနာထားပါ။

Credit : မိုးရှင်း (I.M.T)

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top