iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ခါတစ်လေ ဒေါသအကြီးအကျယ် ထွက်လာတဲ့အခါ၊ စိတ်ထဲကြိတ်နိုင်ခဲမရဖြစ်တဲ့အခါ ပါးစပ်က ဆဲဆိုမိသွားတာမျိုးတွေ ကြုံဖူးမှာပါ။ ထိန်းထားရက်နဲ့ ပါးစပ်က လွှတ်ခနဲထွက်သွားတာမျိုးတွေ ဖြစ်တဲ့အခါ ငါ့ကို ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်တော့မလဲ၊ အမေကြားသွားလို့ ဆူခံရတော့မလား၊ ဒါမှမဟုတ် ငါ့ကိုဘေးကလူတွေက ပညာတတ်မဟုတ်ဘူး၊ အဆင့်မရှိဘူးလို့ ထင်မလားဆိုပြီး တွေးစရာရှိပါတယ်။

 ဒါပမေယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ခုလို ဆဲဆိုလိုက်ခြင်းဟာ သင့်စိတ်ထဲမှာ မွန်းကျပ်နေတဲ့အရာတွေကို အားလုံးမဟုတ်တောင် သုံးပုံနှစ်ပုံလောက် ပြေလျော့သွားစေသလို ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်တစ်ခုခု ဖြစ်လာဖို့ကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။
ဒါကို တရားဝင်ပြောဆိုလိုက်တာကတော့ Keele တက္ကသိုလ်က လေ့လာစမ်းသပ်သူတွေဖြစ်ပြီး ဆဲဆိုလိုက်ခြင်းအားဖြင့် သင့်ရဲ့စိတ်နဲ့ကိုယ် နှစ်ခုစလုံးမှာ ခံစားနေရတဲ့ နာကျင်မှုကိုတောင် လျော့ကျသွားစေပါတယ်တဲ့။

ဒါကိုလေ့လာတဲ့အခါ ရေခဲတမျှကို အေးစက်နေတဲ့ ရေဗုံးထဲကို လက်တွေစိမ်ခိုင်းပြီး စမ်းသပ်ခဲ့တာပါ။ အဲ့ဒီမှာ တစ်ဝက်လောက်နီးပါးက အေးစက်နေတဲ့ရေကို မခံနိုင်တာကြောင့် ပါးစပ်က ဆဲဆိုလိုက်တာကို ကြားရပါတယ်။ တစ်ချို့ကတော့ ဘာသံမှမထွက်ပဲ ကြိတ်မှိတ်ခံနေကြပါတယ်။

အဲ့ဒီနောက်သိလိုက်ရတာက  ဆဲဆိုလိုက်တဲ့ အဖွဲ့ဟာ ဒီဒုက္ခကို ပိုကြာရှည်စွာ သည်းခံနေနိုင်ကြပါတယ်။ ဒါပေမယ့် ခုနငြိမ်ပြီး ဘာသံမှမထွက်တဲ့အဖွဲ့ကတော့ သူတို့လက်တွေကို ရေထဲက ထုတ်ပြီး မခံနိုင်တော့ကြောင်း ပြောလာတာကို တွေ့ရတာပါပဲ။

ဒ့ါအပြင် စိတ်ခံစားချက်အပိုင်းမှာလည်း ဒီလိုပါပဲ။ တစ်ခါတစ်လေ စိတ်ထဲတင်းကျပ်လာတဲ့အခါ ဆဲဆိုလိုက်တာမျိုးက စိတ်ထွက်ပေါက်ဖြစ်တတ်ပါတယ်လို့ ယူကေလေ့လာတွေ့ရှိချက်အရသိရပါတယ်။ ဒါပေမယ့် အလွန်အကျူးတော့ မဖြစ်စေဖို့လည်း သတိပေးထားပါသေးတယ်။

နောက်ထပ်တွေ့ရှိချက်တစ်ရပ်ကတော့ လူတွေရဲ့စိတ်ခံစားချက်ကို နှိုးဆွပေးလိုက်တဲ့အခါ သူတို့ပါးစပ်က ထွက်လာတဲ့အရာတွေဟာ ပြောနေကျပုံစံစကားလုံးတွေနဲ့ ကွဲထွက်သွားပြီး နောက်ထပ်ဝေါဟာရအသစ်တွေ ထွက်လာတာပါတဲ့။ ဆဲတယ်ဆိုရင်တောင် အရင်နဲ့မတူတဲ့ ပုံစံအသစ်၊ စကားလုံးအသစ်တွေနဲ့ ဆဲဆိုလာကြပါတယ်။

ဒီတော့ ခုလိုပြောဆိုလာတဲ့စကားလုံး၊ ဆဲဆိုလာတဲ့စကားလုံးအသစ်တွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ စိတ်ခံစားချက်ကိုလိုက်တဲ့ ဘာသာရပ်လို့ ခေါ်ဆိုနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ တစ်ခါတစ်လေ နာကျင်မှုကနေရုန်းထွက်ဖို့ကိုယ့်ဘက်က ပြောဆိုလိုက်တဲ့အခါ၊ ပြောရမယ့်အချိန်အခါနဲ့ကွက်တိ
 အော်လိုက်တာ၊ ဆဲမိလိုက်တာတွေကလည်း ကိုယ့်ရဲ့ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားအောင် လုပ်ပေးနိုင်သေးတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top