iMyanmarHouse.com - Best Property Website for Myanmar
×









ဝမ်းလျှောခြင်းမှာ မကြာခဏ ၀မ်းသွားခြင်း၊ သာမန်ထက် အရည် ၀မ်းသွားခြင်းမျိုး ဖြစ်သည်။ ၀မ်းလျှောရသည့် အကြောင်းရင်းများ စွာ ရှိသည်။ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ (သို့မဟုတ်) ကပ်ပါး ကောင်များကြောင့် ရောဂါကူးစက်ခံရ၍ ၀မ်းလျှောနိုင်သည်။ ၀မ်းလျှောစေသော ဘက်တီးရီးယားက အူထဲသို့ဝင်ရောက်ခြင်း (သို့မဟုတ်) အူထဲရှိ အစာဟောင်းများကို အရည်ဖြစ်သွားစေသော အဆိပ်များ ထုတ်လွှတ်ခြင်းကြောင့် ၀မ်းလျှောရခြင်း ဖြစ်သည်။


ဘက်တီးရီးယား (သို့မဟုတ်) ကပ်ပါးကောင်များ ပါဝင်သော အစားအစာများ စားမိ၍ ၀မ်းလျှောခြင်းကို အစာအဆိပ်မိခြင်းအဖြစ် လူအများက ရည်ညွှန်းကြသည်။

အခြားဝမ်းလျှောစေသည့် အကြောင်းရင်းများတွင် အထူးသဖြင့် ဖိစီးမှုများလာချိန်၌ဖြစ်သော အူမယားယံသောရောဂါ၊ မဂ္ဂနီဆီယမ်ပါဝင်သော အက်စစ်ဓာတ်လျှော့ချပေးသည့် ဆေးများနှင့် ပဋိဇီဝဆေးများကဲ့သို့ ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးများ၊ ၀မ်းနုတ်ဆေး အလွန်အကျွံသုံးခြင်းနှင့် အူအောက်ပိုင်း ရောင်ရမ်းခြင်းတို့ ဖြစ်သည်။

ဝမ်းလျှောနေသူများမှာ ရေကဲ့သို့ ၀မ်းသွားခြင်း၊ မကြာခဏ ၀မ်းသွားခြင်းနှင့် အမြှုပ်များ၊ သွေးများ၊ ၀မ်းတွင်ပါခြင်းမျိုး ကြုံတွေ့ရမည်ဖြစ်သည်။ အခြားသော ရောဂါလက္ခဏာများမှာ ၀မ်းဗိုက်နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ အော့အန်ခြင်း၊ အဖျားတက်ခြင်း၊ ချမ်း တုန်ခြင်း၊ သွေးဝမ်းသွားခြင်းနှင့် အူမကြီးကို မထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်သည်။

မကြာခဏ အော့အန်ပြီး ၀မ်းသွားပါက ရေဓာတ်ခန်းခြောက် နိုင်သည်။ ခန္ဓာကိုယ်မှ အရည်ဓာတ်များစွာ ဆုံးရှုံးသွားပါက ခန္ဓာ ကိုယ်ရေဓာတ်ပုံမှန်ထက် လျော့ကျသွားသည်။ ရေဓာတ်ခန်းခြောက် မှု လက္ခဏာများမှာ အာခေါင်ခြောက်ကပ်ခြင်း၊ ရေငတ်ခြင်း၊ မျက်စိများ မွဲခြောက်ခြင်းနှင့် ဆီးသွားချိန်ကြာမြင့်ခြင်းတို့ ဖြစ်သည်။

ဝမ်းလျှောခြင်း လက္ခဏာများမှာ ပထမဆုံး ၂၄ နာရီအတွင်း အပြင်းထန်ဆုံး ဖြစ်သည်။ ၀မ်းလျှောခြင်းအချို့မှာ ၁၄ ရက်အထိ ကြာမြင့်လေ့ရှိသော်လည်း အများစုမှာ သုံးရက်မှ ခုနစ်ရက်အတွင်း ပျောက်ကင်းသွားတတ်သည်။

သန့်သန့်ရှင်းရှင်းနေထိုင်စားသောက်ခြင်းဖြင့် ၀မ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်နိုင်သည်။ အထူးအရေးကြီးသည်မှာ အစာ မစားမီ၊ အစားအစာ ချက်ပြုတ်ရန် မကိုင်တွယ်မီနှင့် အိမ်သာတက် ပြီးချိန်များတွင် လက်ကိုရေနှင့် ဆပ်ပြာသုံး၍ မကြာခဏ နှံ့စပ်စွာ ဆေးပါ။ မကျက်တကျက် ချက်ထားသော အသားများ၊ ပင်လယ်စာ များ (သို့မဟုတ်) နာရီများစွာကြာနေသော အစားအစာများ စားခြင်း ရှောင်ပါ။

အကယ်၍ ၀မ်းလျှောရောဂါ စတင်ခံစားရပါက အနားပိုယူပါ။ အရည်သာသောက်ပါ။ ရေ၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရေ၊ ရေနွေးကြမ်းတို့ကို သောက်ပါ။ ခန္ဓာကိုယ်ကဆုံးရှုံးသွားသော ရေ ဓာတ်များကို အစားပြန်ဖြည့်ပါ။ ကော်ဖီ (သို့မဟုတ်) အချိုရည်များ ကဲ့သို့ ကဖိန်းဓာတ်ပါသော အရည်များမသောက်ပါနှင့်။ ၀မ်းလျှော နေစဉ် မူးမေ့တတ်ပါက အရည်အနည်းငယ်ကို မကြာခဏစုပ် သောက်ပေးပါ။

အနည်းငယ်သက်သာလာမှ အစာမာ စစားပါ။ ပုံမှန်စားနေကျ အစားအစာမျိုး မစားမီ အစာကြေလွယ်သော အစားအစာများ စား ပါ။ ၀မ်းဗိုက်ကြွက်သား နာကျင်ခြင်းကို ကာကွယ်ရန် ရေနွေးအိပ် ကပ်ပါ။ အလွယ်တကူ ၀ယ်ယူနိုင်သော ဆေးဝါးများသုံးရန်လည်း စဉ်းစားနိုင်ပါသည်။

အကယ်၍ ၄၈ နာရီကြာအောင် ၀မ်းလျှောနေပြီး ကိုယ်အပူ ချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေလျှင် ဆရာဝန်နှင့် ပြသင့် သည်။ ၀မ်းသွားစဉ်သွေး (သို့မဟုတ်) အမြှုပ်များပါနေပါကလည်း ဆရာဝန်နှင့် ပြသင့်သည်။

လူများစွာမှာ ပြင်းထန်သော ၀မ်းလျှောရောဂါကို သုံးရက်မှ ခုနစ်ရက်အထိသာ ခံစားရပြီး လုံးဝပျောက်ကင်းသွားလေ့ရှိသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top