iMyanmarHouse.com - Best Property Website for Myanmar
×











ဘယ်အလုပ်မှာမဆို အတင်းပြောသည့်ကိစ္စကို ရှောင်မလွတ်နိုင်ပါ။ ဘာကြောင့်သူများ အတင်းကိုပြောကြတာလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်နော်။

၀၁.ပြောစရာစကားမရှိသောအချိန်မှာ သူများ မကောင်းကြောင်းကို ပြောခြင်း။

၀၀၁.သူများမကောင်းကြောင်းကလွဲလို့အခြားပြောစရာစကားမရှိသောအချိန်ဆိုတာရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုသောအလုပ်မရှိလို့(သို့)လက်ရှိဖြစ်နေသောသတင်း၊သူတပါးနှင့်သက်ဆိုင်သောအကြောင်းကိုမပြောတတ်လို့ပါ။

အဲဒီလူဟာကိုယ်ကတော့လောကမှာအကုန်လုံးမှန်နေတယ်လို့ခံယူထားသောသူဖြစ်မှာပါ။ပြောစရာစကားမရှိသောအချိန်မှာ အတင်းပြောရတာကတော့ အလွယ်ဆုံးဖြစ်မှာပါ။

၀၂.သူများမကောင်းကြောင်းပြောနေသောအချိန် ကိုယ်ကတော့ လူတော်လူကောင်းပါ။

၀၀၁.အတင်းပြောနေသောအချိန်မှာ အပြောခံနေရသောသူကလွဲလို့ နားထောင်နေသောသူနှင့်ပြောနေသောသူဟာ သူတို့ရဲ့အကြောင်းကိုတော့ ပြောမဲ့သူရှိမှာ မဟုတ်တဲ့အတွက် ပျော်ပျော်ကြီး အားရပါးရ ပြောနိုင်မှာပါ။

၀၀၂.အတင်းပြောတဲ့နေရာမှာပါဝင်သောသူတွေမှာ အားလုံးဟာဘောလုံးအသင်းတခုလို စည်းလုံးသွားမှာ အမှန်ပါ။

၀၀၃.သူများမကောင်းကြောင်းဆိုတာ သူများမသိနိုင်သောအချက်တွေပါတတ်တဲ့အတွက် လျို့ဝှက်ချက်လေးတွေကို တယောက်နှင့်တယောက် မျှဝေနေတဲ့အတွက် ယုံကြည်မူကိုရယူဖို့ ကြိုးစားနေတာလဲဖြစ်နိုင်ပါတယ်။

၀၀၄.သူငယ်ချင်းအပေါင်းအသင်းများသောသူက အတင်းပြောတာကို ပိုပြီးဝါသနာပါတတ်ပါတယ်။သူမှသာလျှင်သတင်းစုံလို့ပါ။

၀၀၅.ဒါပင်မဲ့ သူများအကြောင်းကိုပြောနေသောအချိန်ကစပြီး ကိုယ့်ရဲ့အကြောင်းကိုလည်းသူများကပြောနေတယ်ဆိုတာ မမေ့ပါနဲ့။

၀၃.ကိုယ်ကို သူတပါးစိတ်ဝင်စားစေရန်အတွက် အတင်းပြောသောသူ

၀၀၁.အတင်းပြောနေသောအချိန်မှာကိုယ်ကအတော်ဆုံးအတတ်ဆုံးလို့ခံယူထားသောသူကများပါတယ်။

၀၀၂.အတင်းပြောပြီး ကိုယ်ကအပေါ်ရောက်အောင် ကြိုးစားနေသောသူလည်း ဖြစ်နိုင်ပါတယ်။

၀၀၃.ကိုယ်နဲ့ပြိုင်ဖက်ဖြစ်လို့ သူ့ကိုနိုင်ကိုနိုင်ချင်လို့ အတင်းပြောနေတာလဲ ဖြစ်နိုင်ပါတယ်။

၀၄.ကိုယ်နဲ့မတူညီသောအချက်တွေများလို့ အတင်းပြောချင်တာပါ။

၀၀၁.ခံယူချက်တွေ မတူညီတဲ့အတွက် အတင်းပြောနေတာလဲ ဖြစ်နိုင်ပါတယ်။

၀၀၂.အပြောခံနေရသူကို လက်ရှိရှိနေသောနေရာမှ ဖယ်ရှားချင်လို့လဲ ဖြစ်နိုင်ပါတယ်။

၀၀၃.စိတ်ထား အကျင့်စရိုက်က မတူညီတဲ့အတွက် သူ့ရဲ့မကောင်းသောအချက်တွေကိုပဲ မျက်စိထဲမြင်နေတတ်ပါတယ်။

၀၀၄.သူများအတင်းကို အရမ်းပြောသူယောင်္ကျားလေးဟာ ကိုယ်ကိုကိုယ် ယုံကြည်ချက်မရှိလို့ပါ။

၀၀၅.ကိုယ်ရဲ့ပြိုင်ဘက်ထက် ကိုယ်ဟာ အားနည်းချက်ရှိတယ်ဆိုတာကို အတင်းပြောခြင်းဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

Credit: Chelmo Team

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top