iMyanmarHouse.com - Best Property Website for Myanmar
×











ရည်းစားချစ်သူစုံတွဲတွေ အချင်းချင်း တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေပေးလို့ ကျေးဇူးတင်စကားပြောဖူးကြပါသလား။ တစ်ယောက်ကို တစ်ယောက် လက်ဆောင်ဝယ်ပေးတဲ့အချိန်မှသာ မောင့်ကို ကျေးဇူးတင်လိုက်တာ၊ သဲကို ကျေးဇူးတင်ပါတယ် ဆိုတာတွေ ပြောတတ်ကြတာမျိုး မဟုတ်ပဲ နှစ်ဦးသားလက်တွဲဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေအတွက်၊ ကိုယ့်ဘေးနား အေးအတူ၊ ပူအမျှ ရှိနေပေးတာတွေအတွက် ကျေးဇူးတင်စကား ဆိုတာကို ပြောချင်တာပါ။ အစမရှိ အဆုံးမရှိ မောင့်ကို သဲဘေးနားနေပေးလို့ ကျေးဇူးတင်ပါတယ်လို့ ဆိုလိုက်ရင် အမှတ်တမဲ့ဆိုရင်တော့ တစ်ဖက်လူ ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူကိုယ့်အပေါ် ကောင်းထားဖူးတဲ့အရာတွေက တစ်ခုမကရှိနေပါလိမ့်မယ်။ တွေးကြည့်လိုက်ပါဦး။ ဒီလိုအရာတွေကို ပြန်တွေးပြီး သူ့ကို ကျေးဇူးတင်စကား ကြည်ကြည်နူးနူးဆိုဖို့ မမေ့ပါနဲ့။ ချစ်သူဆိုတာ ကိုယ့်ရဲ့အသေးဆုံးဘာမဟုတ်တဲ့ ကိစ္စလေးတွေကနေ အကြီးဆုံးအရာတွေထိ ဆက်စပ်ပတ်သက် သည်းခံနေသူတွေပါ။  အနည်းဆုံး ဒီလိုအချက်တွေနဲ့တင် သင် သူ့ကို ကျေးဇူးတင်သင့်နေပါပြီ။

၁။အိပ်ယာနိုးနိုးချင်း ဆံပင်စုတ်ဖွားနဲ့ ကိုယ့်ပုံကို မြင်ဖူးသွားပေမယ့် အချစ်မလျော့သွားတဲ့အတွက် သူ့ကို ကျေးဇူးတင်လိုက်ပါ။

ဒါက အရေးကြီးတဲ့အရာ မဟုတ်ဘူးလို့ ထင်ချင် ထင်ပါလိမ့်မယ်။ တကယ်တော့ ဒီလိုဆံပင်စုတ်ဖွားနဲ့ ပြင်ဆင်မထားတဲ့ ကိုယ့်ပုံကို ချစ်မြတ်နိုးတယ်ဆိုတာ ကိုယ့်ကို တကယ်ချစ်လို့ပါ။ ကိုယ့်ကိုချစ်တဲ့အတွက် အနည်းဆုံး ကျေးဇူးတင်စကားဆိုသင့်ပါတယ်။

၂။ကိုယ်ဂျီကျတာ၊ ရစ်တာကို သည်းခံတဲ့အတွက်၊ ပြသနာတက်ရင်တောင် နားလည်ပေးနိုင်ဖို့ ကြိုးစားတဲ့ သူ့ကို ကျေးဇူးတင်လိုက်ပါ။

ယောင်္ကျားရော၊ မိန်းမပါ ဘယ်သူမဆို စိတ်မကြည်ရင် တစ်ဖက်လူကို ရစ်ချင်တဲ့စိတ်ပေါ်တတ်ပါတယ်။ ကိုယ်က ဘာမဟုတ်တာလေး ရစ်လိုက်လို့ ပြသနာတက်သွားရင်တောင် ကိုယ့်ကို အလျှော့ပေးတတ်တဲ့အတွက်၊ ဒါမှမဟုတ်လည်း ဘယ်လိုပဲရစ်ရစ် ကိုယ့်ဘေးမှာရှိနေပေးတဲ့အတွက် ကိုယ့်ချစ်သူကို ကျေးဇူးတင်စကား ဆိုသင့်တယ် မဟုတ်လား။

၃။ကိုယ်စိတ်ညစ်တဲ့အခါ ကိုယ့်ခံစားချက်တွေ နားထောင်ပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်လိုက်ပါ။

လူမှုရေး၊ ငွေရေးကြေးရေ၊ မိသားစုရေးရာတွေနဲ့ စိတ်ရှုပ်ထွေးနေရချိန် ကိုယ့်ဘေးနာရှိနေပေးသူ၊ ပြသနာတွေကူညီရှင်းပေးသူ၊ ကိုယ့်ခံစားချက်တွေ နားထောင်ပေးသူဟာ သင့်ချစ်သူပါပဲ။ ဒီ့အတွက် ကျေးဇူးတင်စကားပြောပါ။

၎။ကိုယ်ဘယ်လောက် အူကြောင်ကြောင်ဝတ်စားဝတ်စား၊ ဖက်ရှင်ကျကျ၊ မကျကျ အမြဲတမ်း လှတယ်လို့ မြင်ပေးတဲ့ သူ့ကို ကျေးဇူးတင်လိုက်ပါ။

သူများနဲ့ မတူတဲ့ အ၀တ်အစားတွေ ၀တ်မိလို့ ကြည့်မကောင်းရင်တောင် သူက သင့်စိတ်ကိုနားလည်တာကြောင့် သင့်ကို ဘယ်တော့မှ ငြိုငြင်မှာ မဟုတ်ပါဘူး။ မစီးစဖူး ဒေါက်ဖိနပ်အမြင့်ကြီးစီးလာလို့ ဖိနပ်ပေါက်တဲ့အချိန်မှာလည်း သင့်ဖိနပ်ကို ကိုင်ပေးဖို့ သူအဆင်သင့်ရှိနေဦးမှာပါ။ ကဲ ကျေးဇူးတင်စရာ မကောင်းဘူးလား။

၅။အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကြိုးစားဖို့ တွန်းအားပေးလို့ သင်နေရာတစ်နေရာ ရောက်သွားတဲ့အခါ သူ့ကို ကျေးဇူးတင်ပါ။

တစ်ခါတစ်လေ ငါကြိုစားလို့ ငါခုလို နေရာရတာ၊ ငါတော်လို့ ဆိုပြီး မာန်တက်နေတတ်ပါတယ်။ ဒါပေမယ့် သင့်ဘေးနားက သင့်ကောင်းကျိုးကို မြင်ပြီး အဘက်ဘက်က စိတ်ဓာတ်ခွန်အား ပံ့ပိုးပေးထားတဲ့ သင့်ချစ်သူကို ထည့်တွက်ရပါ လိမ့်မယ်။ ကျေးဇူးတင်စကား ဆိုကို ဆိုသင့်ပါတယ်။

၆။သင်ဘာကြိုက်သလဲ၊ ဘယ်လိုအရောင်မျိုး သဘောကျနေသလဲ စတာတွေကို သိနေပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်ပါ။

သင်အကြိုက်ဆုံးအရောင်က ဘာအရောင်ဖြစ်သလဲ၊ သင်အကြိုက်ဆုံး ပန်းကဘာ၊ အကြိုက်ဆုံး အဆိုတော်က ဘယ်သူ စတာတွေကို သူအားလုံးသိနေပါတယ်။ သင်ဘာကြိုက်သလဲသိလို့ သင်မပြောလည်း သင်ကြိုက်တာလေးတွေ၊ မုန့်၊ အလှကုန်စတာတွေနဲ့ သင့်ကို အံ့သြသွားအောင် လုပ်ဖူးပါလိမ့်မယ်။ ဒါတွေကို ပြန်တွေးပြီး ကျေးဇူးတင်စကားဆိုပါ။

၇။သင့်ကိုယ်သင် ဘယ်လိုဆိုတာ၊ ဘယ်အရာတွေအတွက် အသက်ရှင်နေတယ်ဆိုတာ ဘာတွေဖြစ်ချင်နေသေးတယ်ဆိုတာ သူက သင့်ကိုသိအောင် ပံ့ပိုးပေးတာကြောင့် သူ့ကိုကျေးဖူးတင်ပါ။

တစ်ခါတစ်လေ လောကမှာ ငါဘာ့ကြောင့် အသက်ရှင်နေရသလဲဆိုတဲ့ မေးခွန်းကို သူ့ကြောင့် ဖြေနိုင်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ကြုံဖူးကြမှာပါ။ ဘ၀ရဲ့ပန်းတိုင်က ဘာဆိုတာကို သေချာရွေးချယ်တဲ့အခါ ကိုယ့်ချစ်သူဟာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာတတ်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top