iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်သူစုံတွဲတွေမှာဆက်လက်မချစ်နိုင်တော့တဲ့ အကြောင်းပြချက်တွေတော့ တစ်မျိုးဆီရှိကြမှာပါ။ ဘယ်သူကမှ ဒီ relationship ကြီးမှာအချစ်တွေပြောင်းလဲသွားလိမ့်မယ်လို့ သိနိုင်မှာလဲ။ ဒါပေမယ့် တချို့အခြေအနေတွေမှာအချစ်ဆိုတာအမြဲထာဝရမရှိနေပါဘူး၊ မထင်မှတ်ဘဲနဲ့ relationship ကြီးကိုအဆုံးသတ်လိုက်ရတာမျိုးရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်လို့ အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းလေးတွေကိုလေ့လာကြည့်လိုက်ရအောင်။

၁။     လူတွေရဲ့ ပြောင်းလဲခြင်း

တခါတရံမှာတစ်စုံတစ်ရာအကူးအပြောင်းကြောင့် လူတွေကပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကြောင့် အရင်ကချစ်ခင်မြတ်နိုးတဲ့ ချစ်သူပုံစံလည်းပြောင်းလဲသွားပါတယ်။ ဘဝမှာကိုယ်လိုချင်တာကိုသိရှိနားလည်ပြီးပြောင်းလဲသွားတတ်ကြတာလူတွေရဲ့သဘာဝပါ။ အသစ်ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကိုယ့်လိုအင်ဆန္ဒက ကိုယ့်ချစ်သူဆန္ဒတွေနဲ့ မတူညီတော့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းရင်းနှီးမှုတွေ စတင်နည်းပါးလာပါတယ်။ လူတွေရဲ့ပြောင်းလဲခြင်းကအချစ်ကိုပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်အများဆုံးတစ်ခုပါပဲ။

၂။     ယုံကြည်စိတ်ချမှုကိုထိခိုက်ခြင်း

ကိုယ့်ချစ်သူကကိုယ့်အပေါ်လိမ်ညာခဲ့တဲ့ ကိစ္စတစ်ခုခုကိုကိုယ်နောက်ကျမှသိလိုက်ရပြီဆိုရင် ကိုယ်ဘာမှမလုပ်နိုင်တော့ဘူးလေ။ သူ့ကိုခွင့်လွှတ်ကောင်းခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်သစ္စာမရှိဘူးဆိုတဲ့ ခံစားချက်ကကိုယ့်ကိုခြောက်လှန့်နေပါလိမ့်မယ်။ ဒီ relationship ကြီးကိုဘာမှမဖြစ်ခဲ့သလိုရှေ့ဆက်ဖို့လည်းခက်ခဲပါလိမ့်မယ်။ တချို့ဒဏ်ရာတွေက ပြန်ကုလို့မရတော့တာကြောင့် ဒါကိုဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကလမ်းခွဲခြင်းဖြစ်လာပါတယ်။

၃။     ပုံမှန်အဆက်အသွယ် ပျက်တောက်ခြင်း

အချစ်တွေခိုင်မြဲနေစေဖို့ ကြီးထွားလာစေဖို့ ချစ်သူနှစ်ဦးကသူတို့ရဲ့ခံစားချက်တွေကိုစကားပြောဆိုခြင်းတွေ၊ ပုံမှန်အဆက်အသွယ်လေးတွေကနေတဆင့် ဖော်ပြကြပါတယ်။ တကယ်လို့ အဆက်အသွယ် ပျက်တောက်သွားမယ်ဆိုရင် ကိုယ့်ခံစားချက်တွေ ဖော်ပြဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါဆို relationship မှာဆက်ဆံရေးကအေးဆက်သွားမှာဖြစ်ပါတယ်။ အဆက်အသွယ်နည်းပါးတာကြောင့် အထင်အမြင်လွှဲမှားမှုတွေ၊ နားလည်မပေးနိုင်တာတွေ ဖြစ်လာဖို့အခွင့်အရေးပိုများလာခြင်း ဖြစ်ပါတယ်။

၎။     စိတ်လှုပ်ရှားဖွယ်မကောင်းခြင်း

ကိုယ့်ရဲ့ relationshipကိုလန်းဆန်းပြီးပျော်ရွှင်စရာကောင်းအောင် ထိန်သိမ်းထားဖို့ထက် ပိုပြီးအရေးကြီးတာမရှိပါဘူး။ နှစ်ယောက်တူတူအချိန်ပိုပေးကြလေ နှစ်ယောက်သားပိုရင်းနှီးလေပါပဲ။ ဒါဆိုရင် relationship ကြီးကလည်းရင်ခုန်စရာသိပ်မကောင်းတော့ဘူးပေါ့။ ဒါကြောင့် ပုံမှန်အတိုင်း ငြီးငွေ့လာတဲ့ထိချိန်းတွေ့မနေကြဘဲစိတ်ကူးယဉ်ဆန်ဆန် အပြောင်းအလဲလေးတွေနဲ့ ချိန်းတွေ့ကြပါ။

၅။     ပန်းတိုင်နဲ့ လိုအင်ဆန္ဒတွေ မတူညီခြင်း

တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုပြီးသိလာတဲ့အခါ ကိုယ်က relationship ရဲ့ဘယ်လိုပုံစံဘက်ကရပ်တည်သလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာပါတယ်။ တချို့စုံတွဲတွေကလိုက်ဖက်ညီနေတဲ့အချိန်မှာတချို့တွေမှာလည်းပန်းတိုင်နဲ့ အမြင်တွေကွဲပြားနေတာမျိုးရှိပါတယ်။ ဥပမာပြောရရင် ကလေးများများနဲ့ မိသားစုဘဝကိုလိုချင်တဲ့ အမျိုးသားတစ်ယောက်အတွက် ကလေးယူဖို့အစီအစဉ်မရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်တွဲဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါလိမ့်မယ်။

၆။     မနာလိုဝန်တိုခြင်း

မနာလိုတာလေးတွေ၊ သဝန်တိုတာလေးတွေ နည်းနည်းပါးပါးရှိခြင်းက relationship တစ်ခုအဆင်ပြေနေစေဖို့ အရေးပါပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးမနာလိုဖြစ်နေရင်တော့ နားလည်မှုလွှဲမှားလာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ မနာလိုဝန်တိုလွန်းရင် relationship ကိုထိခိုက်သွားစေနိုင်ပါတယ်။

၇။     ဘဝအလှည့်အပြောင်းများ

တခါတရံမှာဘဝအလှည့်အပြောင်းတွေကြောင့် အချစ်ကိုလည်းပြောင်းလဲသွားစေနိုင်ပါတယ်။ အလုပ်တစ်ခုကိုဆုံးရှုံးလိုက်ရတဲ့အခါ၊ ကိုယ်ချစ်တဲ့လူတစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာကိုယ့်ဘဝကြီးကဆိုးရွားအကြီးတန်တဲ့နေရာကိုရောက်နေရသလိုပါပဲ။ ဒီလိုအချိန်မျိုးမှာလက်ရှိကိုယ့်ရဲ့ relationship ကိုထိခိုက်စေနိုင်ပါတယ်။ ဘဝမှာတွေ့ရတဲ့ စိတ်ဆင်းရဲစရာကိစ္စတွေက relationship တစ်ခုရဲ့ ခရီးလမ်းမှာဆူးခလုတ်တွေဖြစ်စေနိုင်ပါတယ်။ လူတွေရဲ့အချစ်ကိုပြောင်းလဲစေနိုင်တဲ့ တခြားအကြောင်းအရာလေးတွေများရှိဦးမလား။

Credit : Gandawin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top