iMyanmarHouse.com - Best Property Website for Myanmar
×











သင်မှတ်စုစာအုပ်သုံးလေ့ရှိပါသလား? မသုံးဖူးသေးဘူးဆိုရင်တော့ သုံးဖို့အကြံပေးပါရစေ။ ကျွန်တော်တို့ရဲ့ ဦးနှောက်က အရေးကြီးသောအရာ မှန်သမျှကိုမမှတ်ထားနိုင်ပါဘူး။ တစ်ခါတစ်လေကျွန်တော်တို့ ဦးနှောက်ကနေ ဒေါ်လာသန်းချီတန် Ideaတွေထွက်လာလေ့ရှိပါတယ်။ သင်ဂရုမစိုက်မိလို့ပါ။
သို့မဟုတ် အသုံးမချမိလို့ပါ။

တစ်ချို့က ခေါင်းထဲမှာပဲ မှတ်လေ့ရှိပါတယ်။ အလုပ်ရှုပ်မခံချင်ကြပါဘူး။ ဒါပေမယ့် အကြံကောင်း ဥာဏ်ကောင်းမှတ်သမျှကို သင့်ခေါင်းက တစ်ခုမကျန်မှတ်မိနိုင်လောက်အောင်
ကောင်းတယ်ဆိုရင်တော့ ဒါဟာ သင့်တော်ပါတယ်။

ဒါပေမယ့် သင်အရေးကြီးတာတွေမေ့ဖူးတယ်ဆိုရင်တော့ သင်မှတ်စုစမှတ်သင့် ပါပြီ။ မှတ်စုစာအုပ်တစ်အုပ်က အတော်လေးကိုအသုံးဝင်ပါတယ်။ မှတ်စုစာအုပ် ထားခြင်းဖြင့်သင့်ဦးနှောက်အတွက်လည်း တာဝန်ပေါ့စေပါတယ်။ Stressလည်း နည်းစေပါတယ်။

သင်ရုတ်တရက်ရလာတဲ့ အဖိုးတန်Ideaတွေလည်း မပျောက်ပျက်နိုင်တော့ပါဘူး။ နေ့တစ်နေ့ကို ချောမွေ့စွာပြီးဆုံးစေနိုင်ပါတယ်။
ကဲ မှတ်စုစာအုပ်လေး စမ်းထားကြည့်နော်။

Credit :မိုးရှင်း (I.M.T)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top