iMyanmarHouse.com - Best Property Website for Myanmar
×














ဒိတ်ဒိတ်ကြဲ အမ်တီဗီနဲ့ပတ်သတ်ပြီး များစွာသော ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သလို facebookလို လူမှုကွန်ယက်မှာလဲ အောင်မြင်မှု အရှိန်အ၀ါကြီးခဲ့တဲ့ ဒိတ်ဒိတ်ကြဲ အခွေဖန်တီးရှင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မေးခွန်းတချို့နဲ့ ထိတွေ့ဖြစ်ခဲ့ပုံကတော့

- ဒိတ်ဒိတ်ကြဲ အခွေကို ပရိသတ်တွေ တော်တော်လေး အားပေးခဲ့ကြတဲ့အပေါ် စိုင်းစိုင်းက ဘာပြောချင်ပါသလဲ။
ဒိတ်ဒိတ်ကြဲ ရဲ့ Audio ဖြန့်ချိတဲ့ချိန်နဲ့ အမ်တီဗီဖြန့်ချိတဲ့ချိန်ဟာ ကြားထဲမှာ ၂ နှစ် နီးပါးလောက် ကွာဟခဲ့ပါတယ်။ ကြားထဲမှာ ကျွန်တော်ရုပ်ရှင်တွေ ရိုက်ပြီး ဂီတဖျော်ဖြေရေးတွေ လုပ်နေပေမဲ့ စိတ်တိုင်းမကျတဲ့အတွက် ကျွန်တော် မထုတ်ဖြစ်ပါဘူး။ ဒါပေမဲ့ ဒီအချိန် ၂ နှစ်တာကို စောင့်ပြီး ပရိသတ်တွေ အခွေထွက်လာတဲ့ချိန်မှာ အားပေးမှု အကြီးကြီးနဲ့ သိုက်သိုက်ဝန်းဝန်း အားပေးကြတဲ့ပေါ် ကျွန်တော်အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေရော၊ ပါဝင်ပတ်သတ်ခဲ့တဲ့ အနုပညာရှင်တွေရော၊ အကုန်လုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

-facebook ဆိုတဲ့ လူမှုကွန်ယက်တစ်ခုမှာလဲ ကိုစိုင်းကို အားပေးကြတဲ့ ပရိသတ်တွေအရမ်း ကြမ်းပြီး အချစ်လွန်ကြတဲ့အပေါ် အစ်ကို့ရဲ့သုံးသပ်ချက်နဲ့အမြင်လေးကို သိချင်ပါတယ်။
အားပေးမှုအတွက်တော့ ကျွန်တော် အထူးအရမ်းကိုပဲ ကျေးဇူးတင်ပါတယ်။ အွန်လိုင်းမှာကတော့ အားပေးကြတာတွေလဲ ရှိတယ်။ မျိုးစုံပေါ့နော်။ အွန်လိုင်းမှာက အရာရာကို အမှန်လို့ ကျွန်တော်တို့ ယူဆလို့မရဘူး။ အိုင်တီအတုတွေလဲ ရှိတယ်။ စိုင်းစိုင်းအတုတွေတောင် ရှိသေးတာဆိုတော့ ချုံ့ပြီးပြောရရင် အားပေးကြတဲ့ ပရိသတ်တွေအတွက် ကျွန်တော်ဝမ်းသာတယ်။ ဒါပေမဲ့ ခုနကလို တချို့ ဆိုးဆိုးဝါးဝါး မက်ဆေ့မျိုးတွေ cmt မျိုးတွေလဲ ရံဖန်ရံခါ တွေ့ရတာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်နားလည်ထားတာကတော့ အွန်လိုင်းပေါ်မှာ ဒီလို Fake account တွလဲ ရှိတယ်။ အတုတွေလဲရှိတယ်ဆိုတော့ တချို့ဟာတွေကိုတော့ အရမ်းကြီး အလေးအနက်ထားလို့ မရဘူးပေါ့။

- ဒိတ်ဒိတ်ကြဲထွက်ပြီးတဲ့ ဘယ်လို feedback မျိုးတွေ ပြန်ကြားရပါသလဲ။
ပရိသတ်က အရမ်းအားပေးတယ်။ သဲသဲလှုပ်ပါပဲ။ ကျွန်တော်တွေ့ရတယ်။ အဲ့ဒီအတွက် ၀မ်းလဲသာတယ်။ ကျေးဇူးလဲ အများကြီးတင်ပါတယ်။ လာအကြံပြုတာတွေ ရှိသလို ဆဲတာတွေလဲ ရှိတယ်။ ကျွန်တော်အားလုံးကို လက်ခံပါတယ်။ ကြိုဆိုပါတယ်။ ဝေဖန်တာကလဲ ကောင်းဖို့ပဲလေ။ ဝေဖန်တဲ့ထဲမှာ အမှားကို ထောက်ပြနိုင်တဲ့ ဝေဖန်မှုမျိုးတွေကိုလဲ ဖတ်ရတာတွေ ရှိတယ်။ ဒါဆိုရင်လဲ ကျွန်တော်ပြုပြင်လို့ရတဲ့အတွက် ဝေဖန်တဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ကတော့ အိုင်တီ အမှန်တွေရှိသလို အကောင့်တုတွေလဲရှိတဲ့တွက် ကျွန်တော့်အနေနဲ့ကတော့ အိုင်တီအမှန်နဲ့ အားပေးရင်လဲ အားပေးတဲ့အကြောင်း၊ ချစ်ရင်လဲ ချစ်တဲ့အကြောင်း၊ ဝေဖန်ရင်လဲဝေဖန်တဲ့ အကြောင်း ၊နောက်ဆုံးမကြိုက်လို့ဆဲတာပဲဖြစ်ဖြစ် အိုင်တီအမှန်တွေကိုတော့ ပိုပြီး အလေးအနက်ထားပါတယ်။ အကောင့်တုတွေနဲ့ဘယ်သူတွေမှန်းမသိပဲ ဆဲမယ်။ ပုပ်ခတ်မယ်ဆိုရင်တော့လဲ အိုင်တီ အတုတွေကိုတော့ ကျွန်တော်စိတ်ထဲမှာ အရမ်းကြီး အလေးအနက်ထားလို့မဖြစ်နိုင်ဘူးပေါ့။

-အခုလက်ရှိရိုက်နေတဲ့ ကာရိုက်တာနဲ့ဇာတ်ကားလေး အကြောင်း အပြင် အစ်ကို့ရဲ့ သရုပ်ဆောင်မှု အပိုင်းလေးနဲ့ပတ်သတ်ပြီးတော့လဲ ပြောပြပေးပါဦး။
ဒီကားထဲမှာ ကျွန်တော်က တက်သစ်စ အဆိုတော် နောက်တော့ နာမည်ကြီးလာတယ်ပေါ့။ ဒီကားလေးက သူ့အဖေကို မကျေနပ်လို့ သူ့သမီးကို ချစ်ချင်ယောင်ဆောင်တဲ့ ဇာတ်လမ်းပုံစံလေးပါ။ ကျွန်တော် သရုပ်ဆောင်တဲ့အခါမှာလဲ များသောအားဖြင့် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဇာတ်ကောင်သူ့သယ်ဆောင်ရာ နောက်ကိုပဲ ကျွန်တော်ကလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထား၊ ဇာတ်ကောင်ရဲ့ ဖြစ်ပေါ်လာတဲ့ခံစားမှုတွေကို ကျွန်တော် လိုက်ပြီးပဲ သွားပါတယ်။

-ဂီတပိုင်း၊ သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါဆိုရင်။
ကျွန်တော့ရဲ့သီချင်းတွေနဲ့ ကျွန်တော့ရဲ့ပရိသတ်တွေက ထပ်တူကြတယ်။ ရင်ဘတ်ချင်း နီးစပ်တယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့်ကျွန်တော့ သီချင်းတချို့ က ပရိသတ်ကြားမှာ ပျံ့နှံ့ခဲ့တယ်။ အဲ့လို အရမ်းထူးချွန်တယ်လို့တော့ မဟုတ်ပါဘူး။ ရုပ်ရှင်မှာလဲ ထိုနည်း လည်းကောင်းပါပဲ ။ ကျွန်တော်လုပ်နိုင်တဲ့ အတိုင်းအတာထဲမှာပဲ ကျွန်တော်ကြိုးစားပြီး လုပ်ကိုင်နေတာပါ။ ကျွန်တော့ရဲ့သရုပ်ဆောင်မှုတွေက ကျွန်တော့ရဲ့ပရိသတ်တွေနဲ့ပိုပိုပြီး တော့ သီချင်းမှာလိုမျိုးပဲ နီးစပ်လာဖို့၊ ထပ်တူကျလာဖို့တွက်ကြိုးစားနေပါတယ်။

-ချစ်သူများနေ့နဲ့ပတ်သတ်တဲ့စိတ်ခံစားချက်က။
ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ အလုပ်လုပ်ရင်းပဲ ဖြတ်သန်းဖြစ်မှာပါ။ အဲ့ဒီနေ့လေးကို လူတွေက ဆန့်ကျင်ဖက် အမြင်တွေရှိကြတယ်။ ကွဲပြားကြတယ်။ ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလဲရှိမှာပဲ။ ကျွန်တော့် တစ်ဦးတည်းအနေနဲ့ကတော့ ချစ်သူတွေတွက် ချစ်တယ်ဆိုတဲ့နေ့ပေါ့။ မုန်းတယ်ဆိုတဲ့နေ့ မဟုတ်ဘူးပေါ့။ ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ ကျွန်တော့ တစ်ယောက်တည်းအနေနဲ့ကတော့ ချစ်သူများနေ့ကို ကြိုက်ပါတယ်။ အရင်တုန်းကတော့ ရည်းစားထားတဲ့အချိန်တုန်းကတော့ လက်ဆောင်တွေ ပေးခဲ့ဖူးတယ်။ ကျွန်တော်လဲ သူတို့တွေဆီက ရခဲ့ဖူးပါတယ်။

-၂၀၁၅ ထဲမှာ ဂီတနဲ့သရုပ်ဆောင်ပိုင်းကို ဘယ်လိုplan ချထားလဲ။
လက်ကျန် ရုပ်ရှင်ကားကြီး အဟောင်း၂ကားကို ဒီလထဲမှာဖြတ်ရမှာပါ။ ဂျုံးဂျုံးဂျက်ဂျက်နဲ့ ဓာတ်ရှင်ရိုက်သူများကားပါ။ ပြီးရင်တော့ သီချင်းအသစ်တွေလဲ ထပ်ရေးနေတယ်ဆိုတော့ ဖြစ်နိုင်ရင် နောက်ထပ် သီချင်းအခွေတစ်ခွေလောက်တော့ ထုတ်ချင်ပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top