iMyanmarHouse.com - Best Property Website for Myanmar
×









(၁) ကြင်နာတတ်ပါစေ
အလှူအတန်းပြုလုပ်ရန် အ၀တ်အထည်ချုပ်လုပ်ခြင်း၊ အိမ်နီး ချင်းများအတွက် နေ့လည်ခင်းအချို ပွဲပြင်ဆင်ခြင်း၊ သူတပါးအတွက် ကော်ဖီ၊ လက်ဖက်ရည် ၀ယ်ပေးခြင်း စသည့် ကြင်နာမှုအပြုအမူများက ပျော်ရွှင်တက်ကြစေနိုင်သည်။ စိတ်ဖိ စီးမှုနှင့် စိတ်ကျဝေဒနာသည် မိမိ အဇ္ဈတ္တကို မိမိရှုမြင်ရာမှဖြစ်ပေါ်ခြင်း ဖြစ်ရာ အခြားသူများကိုအာရုံစိုက် ပါမှ ယင်းဝေဒနာများမှ သက်သာစေ နိုင်မည်ဖြစ်သည်။

(၂) ဟာသဓါတ်ခံရှိပါစေ
ရယ်မောပျော်ရွှင်စွာ နေတတ် ခြင်းသည် စိတ်ချမ်းသာစေမည့် အခြေခံကောင်းတစ်ခုဖြစ်သည်။ ထို့ပြင် ဆပ်ကပ်လူရွှင်တော်များကဲ့သို့ လက် လှည့်ကစားနည်း၊ ရွဲကစားနည်းတစ်ခုခုတတ်မြောက်ထားလျှင် ကြွက်သား များထိန်းချုပ်နိုင်မှု၊ အာရုံနိုးကြားမှု တို့ကို မြှင့်တင်ပေးနိုင်သည်။

(၃) မိတ်ဆွေသစ်များရှာဖွေပါ
မြူးကြပျော်ရွှင်ပြီး အပြုသဘော ဆောင်သည့် မိတ်ဆွေကောင်းတစ် ယောက်သည် ကျန်လူများထံသို့ တက်ကြွမှုများဝေမျှပေးနိုင်သည်။ ထိုသို့ မိတ်ဆွေကောင်း တစ်ယောက် ရရှိပါက မိမိကိုပါရွှင်လန်းတက်ကြွ စေနိုင်သည်။

(၄) သဘာဝအတိုင်း စိတ်ဝေဒနာ ပျောက်ဆေး
လေ့ကျင့်ခန်းပြုလုပ်စဉ် ကြွက်သားလှုပ်ရှားမှုဖြစ်ပေါ်သည့် အခါတိုင်း IGF-1 ဟုခေါ်သည့် ဓါတ်တစ်မျိုးထွက်ရှိပြီး ဦးနှောက်မှ BDNF ဟုခေါ်သော အာရုံကြောအ ထောက်အပံ့ ဓါတ်ပစ္စည်းထုတ်လုပ် ရန်လှုံ့ဆော်ပေးနိုင်သည်။ လေ့ကျင့် ခန်းပြုလုပ်လျှင် စိတ်ကျေနပ်မှုမြင့် တက်စေသည့် endorphin ဟော် မုန်းထွက်ရှိစေပြီးစိတ်ကျဝေဒနာ ကိုပါသက်သာစေနိုင်သည်။

Credit : Satekuupuyar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top