iMyanmarHouse.com - Best Property Website for Myanmar
×














 ရွှေယမင်းဦး အမည်မှ ရွှေသွန်းခ ဟု ပြောင်းလဲလိုက်သည့် သရုပ်ဆောင် ရွှေသွန်းခက အနုပညာသက်တမ်း အတန်အသင့်ရှိပြီ ဖြစ်သော်လည်း လူကြောက်တတ်သည့် အခက်အခဲများ ရှိနေသေးကြောင်း ပြောသည်။

“ညီမက အခုလက်ရှိမှာတော့ ရှိုးတွေ လျှောက်ဖြစ်ပါ တယ်။ အရင်က မော်ဒယ်အလုပ်လည်း လုပ်ခဲ့တယ်။ သရုပ်ဆောင်တာ လည်း လုပ်ပါတယ်။ ညီမက ဇာတ်လမ်းတွဲ နှစ်ကားကို ရိုက်ထားတယ်။ “အချိန်တိုင်း နေရာတိုင်း” ဇာတ်လမ်းတွဲနဲ့ “မေတ္တာလွှမ်းသော မောရှမ်းမြေ” ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေက ညီမကို သိတာကတော့ အချိန်တိုင်းနေရာတိုင်း ဇာတ်လမ်းတွဲကားလို့ထင်ပါတယ်။ ညီမက အဲဒီကားထဲမှာ ရဲမေအဖြစ်နဲ့ သရုပ်ဆောင်ရပါတယ်။ ရဲမေ ၀တ်စုံဝတ်ပြီး သရုပ်ဆောင်တာကိုလည်း ပရိသတ်က လိုက် ဖက်တယ်လို့လည်း ပြန်ပြောတာကြားရပါတယ်။  အဲဒီကားတွေ ရိုက်တုန်းကတော့ ရွှေယမင်းဦးနာမည်နဲ့ပဲ ရိုက်ခဲ့ပါတယ်။ ရွှေယမင်းဦးနာမည်က နာမည်တူတွေများနေလို့ နာမည်ပြောင်းလိုက်ပါတယ်။ နာမည်တူ အနုပညာရှင်တွေ ရှိနေတော့ ညီမနဲ့မှားမှာစိုးလို့ပါ။ ညီမရဲ့အနုပညာသက်တမ်းက နှစ်နှစ် ရှိပါပြီ။ အနုပညာ သက်တမ်း နှစ်နှစ်အတွင်းမှာ ညီမအတွက် အခက်အခဲဆိုလို့ရှိရင် လူကြောက်တတ်တာနဲ့ စကားနည်းတာပါပဲ။ ကျန်တာကတော့ အဆင်ပြေပါတယ်။ သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း လေ့လာသင်ယူမှုတွေ လုပ်ပါ တယ်။ လူကြောက်တတ်တာကိုတော့ အတတ်နိုင်ဆုံး ပြင် ဆင်နေပါတယ်”ဟု ရွှေသွန်းခက ပြောသည်။

 ရွှေသွန်းခသည် ဇန်န၀ါရီလ (၂) ရက် နေ့တွင် ရိုက်ကူး မည့် ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ရန် ရှိကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top