iMyanmarHouse.com - Best Property Website for Myanmar
×












ဆောင်းတွင်းကာလ ရောက်တော့မည်ဆိုသည်နှင့် အသားပပ်ခြင်းပြဿနာက ကြိုဆိုနေပြီး ယင်းအ တွက်ကြောင့် အသားပပ်ခြင်းပြဿနာ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်နှင့် မည်သို့ကာကွယ်ရ မည်ဆိုသည်နှင့် မည်သို့ကာကွယ်ရမည်ဆိုသည်နှင့် ပတ်သက်ပြီးအရေပြား အထူးကုဆရာဝ
န်ဒေါက် တာစိုးဝင်းဦးက ယခုလိုပြောပြခဲ့ပါသည်။

အသားပပ်ရခြင်း အကြောင်းအရင်း
“လူတွေရဲ့ အရေပြားအပေါ်မှာ ထုတ်ပေးထားတဲ့ အဆီလွှာပါးပါးလေးရှိပါတယ်။ အဲဒီအဆီလွှာလေး ကြောင့် လူတွေရဲ့အသားအရေက ပျော့ပြောင်းနေတာပါ။ အခုရာသီမှာ
ကျတော့ အဆီဓာတ်၊ အစို ဓာတ်တွေကို စုပ်ယူခြင်းခံလိုက်ရတာကြောင့် အသားအရေခြော
က်သွေ့ပြီး အသားပပ်လာတာ ဖြစ်ပါ တယ်” ဟုပြောသည်။

အသားပပ်တဲ့လက္ခဏာများ
အသားပပ်တဲ့လက္ခဏာများမှာ ခန္ဓာကိုယ်အပေါ်တွင် ယားယံလာခြင်း၊ အရေပြားတွင် အဖတ်လေးများ ဖြစ်ပေါ်လာခြင်း၊ ငါးကြင်းကွက်ကဲ့သို့ အကွက်များဖြစ်ပေါ်လာခြင်း၊ ကုတ်ဖဲ့
လိုက်ပါက အမှုန်လေးများ ကျလာခြင်းစသည်တို့ဖြစ်ကြောင်း သိရသည်။

အသက်အငယ်ပိုင်းနှင့် အသက်ကြီးပိုင်းတွင်အဖြစ်များ
“လူတိုင်းလိုလိုတော့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ အသက်ငယ်ငယ်အပိုင်းတွေနဲ့ အ
သက်ကြီး ပိုင်းတွေမှာ ပိုအဖြစ်များတတ်တယ်” ဟုဒေါက်တာစိုးဝင်းဦးက ဆက်လက်ပြောကြား
ခဲ့သည်။

အသက်ကြီးလာပါက အရေပြားက အဆီထုတ်မှု နည်းလာခြင်း၊ အရေပြားဟောင်းနွမ်းခြင်းလာခြင်း၊ ပင်ကိုယ်အသား ခြောက်အခံရှိသူများ၊ အသားခြောက်ခြင်းနှင့် ပတ်သက်သည့် အရေပြားရောဂါအခံ ရှိသူများနှင့် ယားနာ၊ နှင်းခူတို့ကဲ့သို့ ရောဂါအခံရှိသူများမှာ ပိုမိုအဖြစ်များတတ်ကြောင်း သိရသည်။

အဖြစ်များသောနေရာ
အသားပပ်ခြင်းသည် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဖြစ်ပွားနိုင်လေ့ရှိသော်လည်း များသောအားဖြင့်
မျက် နှာ၊ လက်၊ ခြေထောက်၊ ခါး၊ (လုံချည်ဝတ်သည့်နေရာ) ပေါင်၊ ခြေသလုံးများတွင် ပိုမိုကွဲအက်တတ်ကာ နှုတ်ခမ်းများကလည်း ပါးပြီးအဆီထွက်မှုနည်းခြင်းကြောင့် နှုတ်ခမ်းများ
ကွဲအက်ခြင်း၊ အချို့မှာသွေး ထွက်သည်အထိ ကွဲအက်တတ်ကြကြောင်းလည်း သိရသည်။

ဆင်ခြင်ရမည့်အချက်များ
“ဆောင်းတွင်မှာ အေးတာကြောင့် နွေးအောင်လို့တောတွေမှာဆို မီးလှုံကြတယ်။ မြို့တွေမှာ
ဆို (Heater) အပူထုတ်စက်နဲ့နေကြတယ်။ အပူထုတ်စက်က အစိုဓာတ်မပါတော့ နွေးတာေ
တာ့ နွေး တယ်။ ဒါပေမဲ့ အသားကိုပိုခြောက်စေတယ်။ နောက်ပြီး ရေနွေးဖြင့် အချိန်ကြာကြာ စိမ်မချိုးသင့်ဘူး” ဟု ဒေါက်တာစိုးဝင်းဦးက သတိပေးပြောသည်။

ရှောင်ရန်အချက်များ
ယင်းအပြင် ကိုယ်တိုက်ဆပ်ပြာ ပြင်းပြင်းတိုက်ခြင်းနှင့် နွေရာသီတွင် သုံးသကဲ့သို့ ပေါင်ဒါ၊ သ
နပ်ခါး များကို မသုံးသင့်ကြောင်း၊ ယင်းပေါင်ဒါနှင့် သနပ်ခါးတို့က ဆောင်းရာသီတွင် အသားအရေခြောက် သွေ့စေခြင်းကို ပိုဖြစ်စေတတ်ပြီး သိုးမွေးထည်၊ ဆွယ်တာထည်များ ဝတ်ဆင်ခြင်းကလည်း ခြောက် နေသော အသားများအား ဆွပေးသကဲ့သို့ ဖြစ်တတ်ကြောင်း၊ ယင်းသို့ဖြစ်ပါက နောက်ဆက်တွဲအနေ ဖြင့် အသားများ ယားလာခြင်း၊ အနာဖြစ်သည့်နေရာများကို ဖုန်ဝင်ခြင်းများနှင့် ကုတ်မိသည့်နေရာများ တွင် ပိုးဝင်ခြင်းတို့ ဖြစ်တတ်သည့်အတွက် ဂရုတစိုက်နှင့် ကုသရန်လိုအပ်ကြောင်း သိရသည်။

လိုက်နာရမည့် အချက်များ
ဆောင်းရာသီတွင် အသားခြောက်သွေ့မှု နည်းပါးစေရန် ရေသုံးရာတွင် ကြက်သီးနွေးခန့်သာ နွေး သောရေဖြင့်သုံးရန်၊ ရေချိုးပါကလည်း မြန်မြန်ချိုးသင့်ပြီး ဆက်ပြာကိုလည်း လျှော့တိုက်သင့်ကာသုံး သည့်ဆပ်ပြာမှာလည်း အပြင်းစားမဖြစ်ရန်
 လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် ရေသုတ်ပါက ခပ်ဖွဖွသာသုတ်ပေးရမည်ဖြစ်ကာ Lotion အဆီပြစ်ပြစ်များကို
 တစ်နေ့နှစ် ကြိမ်၊ သုံးကြိမ်(သို့)လိုအပ်သလို လိမ်းသင့်ကြောင်း၊ နှုတ်ခမ်းနီဆိုးပါကလည်း အဆီပါသည်ကို ရွေး ချယ်သင့်ကြောင်း၊ မျက်နှာလိမ်းခြယ်ရာတွင်လည်း အစိုဓာတ်ထိန်းပေး
သည့် ခရင်မ်ကို အောက်ခံထား ၍လိမ်းခြယ်သင့်ကြောင်း၊ အဝတ်အစားဝတ်ဆင်ရာတွင်လည်း ချည်ထည်များ ဝတ်ဆင်သင့်ကြောင်း သိရသည်။

Credit : Democracy Today Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top