iMyanmarHouse.com - Best Property Website for Myanmar
×









မိသားစု ထမင်းဝိုင်း သည် မိသားစုဝင် များကို ပိုရင်းနှီး နွေးထွေးစေ ရုံသာမက ဆယ်ကျော်သက် လူငယ်များ အတွက် စိတ်ခွန်အား လည်း ဖြစ်စေပြီး စိတ် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပွားမှု နည်းစေ နိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုသည်။

ထို့အပြင် ယနေ့ခေတ်၏ ပြဿနာ တစ်ရပ် ဖြစ်လာနေသော အွန်လိုင်း မှ တစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက် အနိုင်ကျင့် ခံရခြင်းကြောင့် စိတ်ဖိစီး စိတ်ကျမှု ဒဏ်များ မှလည်း ဆယ်ကျော်သက်များကို မိသားစု ထမင်းဝိုင်းက ကာကွယ် ပေးနိုင်ကြောင်း သိရသည်။

လေ့လာမှု စစ်တမ်းကို JAMA Pediatrics ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ စစ်တမ်းတွင် ဗြိတိန် နိုင်ငံတစ်ဝန်းမှ ဆယ်ကျော်သက်ပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ ဆယ်ကျော်သက်များ၏ စိတ်ပိုင်း ဆိုင်ရာ အခြေအနေကို ခန့်မှန်း နိုင်စေရန် စိတ် ကျခြင်း၊ စိတ်ရှုပ်ခြင်း၊ ခြိမ်းခြောက် ခံရခြင်း၊ ကိုယ့် ကိုယ်ကို အန္တရာယ် ပြုခြင်း၊ သေကြောင်း ကြံရန် စဉ်းစားမိခြင်း၊ သေကြောင်း ကြံဖို့ ကြိုးစားမိခြင်း စသည့် ခံစားချက်များကို မေးမြန်းသည်။

ထိုဆယ်ကျော်သက်များ မိသားစု နဲ့ အတူတူ ထမင်းစား ဖြစ်သည့် နှုန်းကိုလည်း မှတ်တမ်း တင်သည်။ စစ်တမ်းကို ကောက်ချက် ဆွဲကြည့်သည့် အခါ အွန်လိုင်းမှ တစ်ဆင့် ခြိမ်းခြောက် အနိုင်ကျင့် ခြင်းများနဲ့ ကြုံတွေ့ရသော ဆယ်ကျော်သက် များသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာလည်း အခြား ဆယ်ကျော် သက်များသည် (၂ ဒသမ ၆) ဆမှ (၄ ဒသမ ၅) ဆထိ ပိုများကြ ကြောင်း တွေ့ရသည်။ မိသားစု ထမင်းဝိုင်း ထိုင်ဖြစ်နှုန်း နဲ့ ဆက်စပ် ကြည့်သည့် အခါတွင်လည်း မိသားစု ထမင်းဝိုင်း ထိုင်ဖြစ်နှုန်း နည်းလေ အွန်လိုင်းမှ တစ်ဆင့် ခြိမ်းခြောက် ခံရခြင်း၊ ရန်ရှာ ခံရခြင်းများ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အဖြစ်များလေ ဖြစ်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ အွန်လိုင်းမှ ခြိမ်းခြောက် ခံရခြင်းများ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံနေရသော ဆယ်ကျော်သက် များအဖို့ မိသားစု နဲ့ ထမင်းတူတူ ပိုစားဖြစ်ဖို့ လိုကြောင်း၊ သို့မှသာ စိတ်ခွန်အားရကာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက် ခံစားရနှုန်းများ လျော့နည်း ကျဆင်း သွားမည် ဖြစ်ကြောင်း စစ်တမ်း ပြုစုခဲ့သည့် ကနေဒါနိုင်ငံ မက်ဂီး တက္ကသိုလ် စိတ်ပညာ ဌာနမှ ဒေါက်တာ ဖရန့်အက်ဂါက ပြောသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top