iMyanmarHouse.com - Best Property Website for Myanmar
×

“လွတ်လပ်ရေးနေ့ က တအားကို အရေးကြီးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ကြီးတွေကို လေးစားရ ပါတယ်။ ကျေးဇူးလည်း တင်ရပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း ဟာ အင်မတန်မှ အမြော်အမြင် ကြီးတဲ့ အာဇာနည်ပုဂ္ဂိုလ် ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ လွတ်လပ်ရေး သာ မရခဲ့ဘူး ဆိုရင် အစ်မတို့မှာ သူတစ်ပါး ရဲ့ လွှမ်းမိုး မှုတွေ က များသွားနိုင်တယ်။ ဒါကို ဗိုလ်ချုပ် ကလည်း သိတယ်။ သူများရဲ့ လွှမ်းမိုးမှုကို မခံ ချင်တဲ့ အတွက်၊ လွတ်လပ်ရေး ကိုရအောင် ယူခဲ့တဲ့ အတွက် အစ်မ တို့ တစ်မျိုးသားလုံး အပေါ်မှာ ကျေးဇူးကြီးပါတယ်” လို့ လွတ်လပ်ရေးရဲ့ အရေးကြီးပုံကို ပြောပြလာတဲ့ သူကတော့ စံပြ သဘင်ရဲ့ မျိုးဆက် တင်ဇာမိုးဝင်းက ပြောပါတယ်။

လွတ်လပ် တဲ့ နိုင်ငံနဲ့ မလွတ်လပ်တဲ့ နိုင်ငံအများကြီး ကွာခြားမှုကိုလည်း မြင်တွေ့ရ မှာဖြစ်ကြောင်း၊ ဒါကြောင့် လွတ်လပ်ရေး ရဲ့ တန်ဖိုး ကြီးပုံ ကိုလည်း လူငယ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှိသင့်ကြောင်း၊ လွတ်လပ်ရေး ရအောင် ကြိုးစားပေးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကိုလည်း အမြဲ ဦးထိပ်ထားသင့်ကြောင်း တင်ဇာမိုးဝင်း က ပြောပါတယ်။ စံပြသဘင် အနေနဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်း တွေကို ကပြရာဒေသတိုင်းမှာ ဖျော်ဖြေ တင်ဆက် လေ့ ရှိပါ တယ်။ စံပြသဘင်က ဖေဖော်ဝါရီလ ကျိုက်ခေါက် ဘုရားပွဲမှာ ၆ ရက်တာ ကပြမှာ ဖြစ်ပြီး အဆိုပါပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင် ကြည်တို့ရဲ့ နှလုံးသားရေးရာ အကြောင်း ကို ဗိုလ် ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် အနေ နဲ့ တင်ဆက် ကပြသွားဖို့ စဉ်း စားထားကြောင်း လည်း တင်ဇာမိုးဝင်း က ပြောပါတယ်။

Credit :Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top