iMyanmarHouse.com - Best Property Website for Myanmar
×














အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လှုပ်ရှားနေတဲ့ ခင်ဝင့်ဝါကလတ်တလောမှာ ကြားနေ ရတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းအရာတွေက ကောလာဟလတွေသာဖြစ်ကြောင်း ပြောပါတယ်။ ” လောလောဆယ်အချစ်ရေးကို မစဉ်းစားသေးပါဘူး။ တ ချို့ကြားနေ ရတယ်ဆိုတာတွေက ကောလာဟလတွေပါ။ အခုမှ အနုပညာလောကမှာ လျှောက်လှမ်းခါစပဲ ရှိပါသေးတယ်။ အများကြီးလည်း လိုအပ်နေပါသေးတယ်။ အဲဒါကြောင့် အချစ်ရေးကိုလည်း မစဉ်းစားဖြစ်သေးဘူး။

ညီမအကြိုက်ဆိုတာကလည်း ငယ်ငယ်တုန်းကအကြိုက်နဲ့ အခုအကြိုက်တောင်မတူတော့ဘူးလေ။ အခုနေစဉ်းစားမယ့် လက်တွဲဖော်ပုံစံနဲ့ နောက် ၅ နှစ်နေရင် စဉ်းစားမယ့် လက်တွဲဖော်ပုံစံကလည်း တူမှာ မဟုတ်ဘူး။ စဉ်းစားဖြစ်တဲ့အချိန်မှာပေါ်ပေါက်လာမယ့်ဖူးစာရှင်ကိုပဲပရိသတ်တွေကိုကြေညာပေးပ့ါမယ်” လို့ သူ့ရဲ့အချစ်ရေးနဲ့ ပတ် သက်ြ ပီးပြောပြခဲ့ပါတယ်။

ခင်ဝင့်ဝါက Online donation အဖွဲ့နဲ့အတူ ကျိုက်ထို မြို့၊ ငှက်ပျောတော ကျေးရွာမှာရှိတဲ့ ဓမ္မလင်္ကာရကျောင်းတိုက်မှာ ကရင်နှစ် သစ် ကူးနေ့ကသွား ရောက်လှူဒါန်းခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုရော ပရဟိတအလုပ်တွေကိုပါမျှပြီးလုပ်ဆောင်သွားမှာဖြစ်ကြောင်းကို ခင်ဝင့်ဝါက ” ကရင်နှစ်သစ်ကူးနေ့ကတော့ Online donation အဖွဲ့ ၉နှစ်ပြည့်အတွက် သူတို့အဖွဲ့နဲ့ လိုက်ပြီး သွားလှူဖြစ်တာပါ။ ဘက ကျောင်းမှာကလေး အယောက် ၈ဝ လောက်ရှိတယ်။

 အသိတွေရော၊ အဖွဲ့ဝင်တွေရဲ့အလှူရောအား လုံးပေါင်းသိန်း ၂ဝ ကျော်လောက်ရတယ်။ ဘုန်းကြီးကျောင်းအတွက် လိုအပ်တာကို မေးပြီးတော့ လျှပ်စစ်မီးအား မရှိတာနဲ့ဆိုလာပြားတွေလှူဖို့ တိုင်ပင်ပြီးလှူဖြစ်တယ်။ ညီမအနေနဲ့ကတော့ အားရင်နာရေးကူညီမှု အသင်းမှာလည်း လုပ်အားပေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

Credit : Popular Journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top