iMyanmarHouse.com - Best Property Website for Myanmar
×








သုတေသန ပညာရှင်များ၏ အဆိုအရ အတင်းအဓမ္မ ပြုမူတတ်သူ၊ ကြမ်းကြမ်း တမ်းတမ်းရှိသူ ယောက်ျားများဟာ အမျိုးသမီးတွေ အပေါ်မှာ ဆွဲဆောင်မှု ပိုရှိကြောင်း သိရသည်။

အရှေ့အာဖရိက နိုင်ငံတစ်နိုင်ငံက လူမျိုးစုတစ်စု အပေါ်မှာ သွားရောက်ပြီး လေ့လာခဲ့ရာတွင် တိုက်ပွဲများမှာ အနိုင် ရရှိခဲ့သော လူမျိုးစုများသည် မိန်းမများကို ပိုသိမ်းပိုက်နိုင်ခဲ့ကာ ကလေးများစွာ ကိုလည်း နောင်အနာဂတ်ရဲ့စစ်သည်တော်များ အဖြစ် မွေးမြူနိုင်ခဲ့ကြောင်း ဟားဗတ် တက္ကသိုလ်က သုတေသန ပညာရှင်တွေက ဆိုသည်။ အဆိုပါ သုတေသန ပညာရှင်များသည် အီသီ ရိုးပီးယားနိုင်ငံ အနောက်တောင်ဘက်နှင့် တောင်ဆူဒန် နိုင်ငံကြားတွင် လှည့်လည် သွားလာ နေထိုင်နေကြသော ညန်ဂါတန် လူမျိုးစုကို သွားရောက်ပြီး လေ့လာခဲ့ရာမှာ ယခုလို သိရှိခဲ့ရခြင်း ဖြစ်သည်။

ထိုညန်ဂါတန် လူမျိုးစုများသည် လူဦးရေ သုံးသောင်း ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့၏ အနီးအနားမှာ နေထိုင်ကြသော တာကာနာ၊ ဒါဆန်နက်ခ်ျနဲ့ ဆူရီ လူမျိုးစုများကို ကြိုကြား ကြိုကြား ဆိုသလို ၀င်ရောက် တိုက်ခိုက်လေ့ ရှိသည်။ ညန်ဂါတန် လူမျိုးစုများထဲက အသက် (၂၀) နှင့် အသက် (၄၀) ကြား အရွယ်ရှိသော တိုက်ခိုက်ရေး သမားများသည် အေကေ (၄၇) ကဲ့သို့သော လက်နက်များ ကိုင်ဆောင်ပြီး အနီးအနားကလူမျိုးစုများကို ၀င်ရောက် တိုက်ခိုက်လေ့ရှိသည်။

 ပီးဘော်ဒီပြတိုက်မှ ရှေးဟောင်း သုတေသနနှင့် မနုဿ ဗေဒပညာရှင် တစ်ဦးဖြစ်သော လုခ်ဂလိုဝပ်ကီက အာဖရိက အရှေ့ဘက်ပိုင်းရှိ မတည်ငြိမ်သော အနေအထားများနှင့် အပြန်အလှန် တိုက်ခိုက်မှုများကို လေ့လာနေသူ ဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် မိန်းမများ ပိုမိုများပြားစွာ ရရှိလာကြပြီး  ထိုအမျိုးသမီးများနှင့် ပေါင်းဖက်ရာကနေ ကလေးတွေ ရရှိလာကာ ၎င်းတို့၏ အဖွဲ့အစည်း အင်အား ကြီးထွားလာကြောင်း သိရသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top