iMyanmarHouse.com - Best Property Website for Myanmar
×











အစာအိမ် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝေဒနာခံစားဖူးသူတွေ အများကြီး ရှိကြပါတယ်။ ဒီမကြာခဏဖြစ်တတ်တဲ့ရောဂါကို အချိန်ယူ ကုသရင်တောင် ပျောက်ဖို့ခက်ခဲလှပါတယ်။ သို့ပေမယ့် ယခုဖော်ပြပေးမယ့် တိုင်းရင်းဆေးနည်း သုံးကြည့်သူတွေက ရောဂါကို ပျောက်ကင်းအောင် အောင်မြင်စွာ ကုသနိုင်ခဲ့ကြတယ်။ သူတို့တွေက ဒီဆေးနည်းကို တခြားအစာအိမ် ဘက်တီးရီးယားရှိသူတွေအတွက် အကြံပြုညွန်းဆိုကြပါတယ်။

သဖန်းသီးခြောက်ကို ခရားတစ်ခုထဲထည့်ပြီး သံလွယ်ဆီလောင်းထည့်ပါ။ ၎င်းသဖန်းသီးခြောက်တွေကို သံလွင်ဆီနဲ့ ရက် ၄၀ ကြာ စိမ်ထားပေးရမှာဖြစ်တယ်။

အသုံးပြုနည်း

သဖန်းသီးခြောက်တစ်လုံးနဲ့ အဆီကို မနက်တိုင်းအစာအိမ်ထဲ အစားမရှိတဲ့အချိန် စားပေးရမှာဖြစ်တယ်။

ဒါပေမယ့် မိမိစားတဲ့ အစားအသောက်ကို သတိထားရမှာပါ။ အစာကြေလွယ်မယ့် အစားအစာမျိုးကို စားပေးပါ။ အကြော်၊ အဆီပါတဲ့အစာ နဲ့ အရမ်းစပ်တဲ့အစားအစာများကိုတော့ ရှောင်သင့်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစာနဲ့ ဆိုဒါ စားသုံးမှုတွေကို နည်းနိုင်သလောက်နည်းအောင်လည်း လျော့ချသင့်တယ်။ ဆေးလိပ် နဲ့ အရက်ကို ရှောင်ပြီး ကော်ဖီကိုလည်း အလွန်အကျွံမသောက်မိဖို့ သတိပြုပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top