iMyanmarHouse.com - Best Property Website for Myanmar
×












၂၀၁၄တုန်းက ခေတ်စားခဲ့တဲ့ ၉၀ခုနှစ်တုန်းကလို grunge ဖက်ရှင်စတိုင်၊ နှုတ်ခမ်းနီ ရင့်ရင့်မည်းမည်းဆိုး၊ ခပ်ရှည်ရှည့် bob ကေ၊ မျက်ခုံးမွှေး သိသိသာသာ ဆွဲထားတဲ့ ဒီဇိုင်းဟာ ၂၀၁၅မှာတော့ တိမ်မြုပ်သွားပါလိမ့်မယ်။ ၂၀၁၅မှာ အရောင်တောက်၊ အရောင်နုလေးတွေ၊ အထူးတလည် အလှပြင်ထားတာမျိုး မပေါက်တဲ့ ပြင်ဆင်မှုမျိုးတွေက တစ်ဖန်ပြန်လည်ခေတ်စားလာပါလိမ့်မယ်။ ကဲ ၂၀၁၅မှာ ခေတ်စားမယ့် ဖက်ရှင်ဒီဇိုင်းတွေကို ပြောပြရရင်တော့

၁။အ၀ါရောင်၊ လိမ္မော်ရောင်တွေ

ညနေခင်းနေရောင်ခြည် ဖြာဆင်းနေတဲ့ပုံစံမျိုးပေါ့။ အ၀ါရောင်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကာလာတွေ ခေတ်စားမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီတော့ သင့်ရဲ့အ၀တ်ဗီရိုထဲမှာ အ၀ါရောင်သမ်းတဲ့ အရောင်နု ကာလာဆန်းဆန်း ဒီဇိုင်းလေးတွ ဖြည့်ထားလိုက်ပေါ့။

၂။ဖြတ်ထားတဲ့ ဘောင်းဘီ မတိုမရှည်အကားတွေ

ဝတ်နေကျမဟုတ်တဲ့ ဘောင်းဘီ ဒီဇိုင်းမျိုး ၀တ်ဆင်ဖို့ နည်းနည်းတော့ ကြောင်တာပေါ့။ ဒါပေမယ့် အရင်က ဖိုးကွာတားလို့ ခေါ်ကြတဲ့ ဘောင်းဘီဒီဇိုင်းကိုမှ အကျပ်မဟုတ်ဘဲ အကားပုံစံမျိုးတွေ ခေတ်စားလိမ့်မယ်လို့ ဆိုထားတယ်နော်။

၃။အစိမ်းပုပ်နဲ့ စစ်ရောင်တွေ

စစ်ရောင် ဂျက်ကက်အမိုက်စားတွေ၊ ကုတ်အင်္ကျံအတို၊ အစိမ်းပုပ်ရောင် ဂျာကင် စတာတွေက ၂၀၁၅မှာ ပြန်လည်ခေတ်စားလာဦးမှာပါ။

၎။အဆင်တန်ဆာ ခပ်တောက်တောက်လေးတွေ

အရင်ကလို အနက်ရောင် ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်တွေ ကိုင်မယ့်အစား အရောင်တောက်တောက်လေးနဲ့ အားလုံးရဲ့ အာရုံကိုဖမ်းစားနိုင်မယ့် ဒီဇိုင်းမျိုးတွေကိုသာ အသားပေးရွေးချယ်ပါ။

၅။ဂျင်းဘောင်းဘီ ခပ်ပွပွတွေ

အရင်တုန်းက အသားကပ်ဂျင်းဘောင်းဘီအကျပ်တွေက ခေတ်စားခဲ့တာမှန်ပေမယ့် ခု ၂၀၁၅မှာ flare လို ဂျင်းဘောင်းဘီတွေ၊ boyfriend ဂျင်းလို ခပ်ပွပွနဲ့ စတိုင်ကျတဲ့ဘောင်းဘီတွေက သင့်အတွက်စောင့်ကြိုနေတယ်နော်။

၆။လိမ္မော်ရောင်နှုတ်ခမ်းနီတွေ

အနီရောင်ထက်စာရင် ၂၀၁၅မှာ ပိုခေတ်စားမယ့် နှုတ်ခမ်းနီကာလာက လိမ္မော်ရောင်ဘက်သမ်းတဲ့ ကာလာအမျိုးအစားတွေမို့ စမ်းဆိုးကြည့်လိုက်ပါဦး

၇။အထူးပြုပြင်မထားတဲ့ ခပ်ပွပွ ဆံပင်ပုံစံမျိုးတွေ

အိပ်ယာက ထလိုက်ရင် ဖြစ်နေတဲ့ ဆံပင်ပုံစံလေးကိုပဲ နည်းနည်းသပ်ရပ်အောင် လက်ကလေးနဲ့ ညှိလိုက်ပါ။ ဒါဆိုရပါပြီ။ ၂၀၁၅မှာ ခေတ်စားမယ့် ဆံပင်ပုံစံက အထူးပြင်ဆင်စရာမလိုတဲ့ ဆံပင်ပုံစံပါ။ ခေါင်းလျှော်ပြီးဆံပင်ကို ဒီအတိုင်းထားလိုက်၊ သူ့အလိုလိုခြောက်သွားတဲ့အခါ ဆံပင်ကို ဆီနည်းနည်းလိမ်းလိုက်ရုံနဲ့တင် အမိုက်စား ဆံပင်ပုံစံရပြီနော်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top