iMyanmarHouse.com - Best Property Website for Myanmar
×










 မိန်းကလေးတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှုကို ရယူချင်ကြတာ ယောက်ျားလေးတွေတိုင်းရဲ့ သဘာဝပါပဲ။ ကံမကောင်းစွာနဲ့ပဲ၊ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို ယောက်ျားလေးတော်တော် များများက ပြိုပျက်အောင် ဖြိုဖျက်လိုက်မိကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အချစ်ပေါ်မှာထားရှိတဲ့ စိတ်နေသဘာဝကို နားမလည်လို့ပဲ။ ဒါ့ကြောင့် အာရုံစိုက်မှု၊ နှစ်သက်မှုကို အပိုင်ရယူနိုင်ရမယ့် နေရာမှာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို အမှားအယွင်းတွေ ဖြစ်ကုန်တော့တာပေါ့။

မိန်းကလေးတွေဟာ…………………

၁။ မင်းသမီးလေးတစ်ယောက် သဖွယ် ဆက်ဆံခံချင်တယ်။ ဒါပေမဲ့ သောကမိန်းမပျို လိုဆက်ဆံတာတော့မကြိုက်ဘူး။

၂။ မာနကြီးတယ်။ ဒါပေမဲ့ ချဉ်းကပ်လို့ရတယ်။

၃။ သူတို့ရဲ့ အ၀တ်အစားတွေ ပွဲတိုးတယ်၊ ကြည့်ပျော်ရှုပျော် ရှိတယ်ဆိုတာ သေချာတဲ့အထိ ဈေးဝယ်ထွက် အချိန်ဖြုန်းချင်ကြတယ်။

၎။ သူတို့ရဲ့ စိတ်ခံစားချက်ကို၊ မျက်နှာအရိပ်အယောင်ကတဆင့် ဖော်ပြလေ့ရှိတယ်။

၅။ ဟန်ဆောင်ကောင်းသူတွေဖြစ်တယ်။ ဒါကြောင့် ရဲဘော်………သတိ။

၆။ “အမှန်အကန်၊ စိတ်ပါပါ”  အချစ်ခံချင်တယ်။ သူတို့က ယောက်ျားလေးတွေကို ချစ်တဲ့ အတိုင်း ထပ်တူပေါ့။

၇။ မခန့်ညားဘူးဆိုရင်တောင် အရပ်ရှည်၊ အသားမဲ တဲ့သူတွေနဲ့ ညိတတ်ကြတယ်။

၈။ ယောက်ျားတွေကို စိတ်ဆိုး ဒေါသထွက်ကြတယ်။ အတွင်းစိတ် နက်နက်ရှိုင်းရှိုင်းမှာတော့ အချော့ခံချင်နေကြတာ။

၉။ ချီးမွမ်းတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြတယ်။

၁၀။ စကားကြီး၊ စကားကျယ် ပြောတဲ့ ယောကျာ်းတွေကို မုန်းတယ်။

၁၁။ ချိုမြိန်တဲ့ ချစ်စကားတွေကို ကြားချင်တယ်။

၁၂။ ကိုယ့်ကိုကိုယ် အရေးပါ၊ အရာရောက် ဖြစ်ချင်ကြတယ်။

၁၃။ စိတ်ဆိုးကြောင်း ဟန်ပန်အမူအရာ တစ်ခုခုလုပ်ပြရင် ဒါသင့်ကို ကြိုက်နေလို့ပဲ။

၁၄။ သင့်ကို စကားမပြောတော့ဘူးဆိုရင်၊ သင့်ကို စိတ်ဆိုးစရာ ရှိနေပြီဆိုတာ အသေအချာပဲ။

၁၅။ ယောက်ျားလေးတွေထက် ပိုပြီး အချစ်ကြီးတယ်။

၁၆။ တော်တဲ့ ယောက်ျားလေးတွေကို ကြိုက်တယ်။

၁၇။ အမေပေါ် သိပ်မှီခိုလွန်းတဲ့ သူတွေကို မုန်းတယ်။ [ အမေချစ် သားလေး၊ မေမေ့သားလေး  :P ]

၁၈။ ယောက်ျားလေးတွေ တစ်ခုခု လိုအပ်နေပြီဆိုရင် သူတို့က အမြဲရပ်တည်ပေးတယ်။

၁၉။ တစ်နေကုန် တခြားသူတွေနဲ့ လျှောက်ပွေးနေရင်တောင်၊ ညတိုင်း သူတို့ချစ်သူကို သတိရတတ်ကြတယ်။

၂၀။ ရည်ရည်မွန်မွန် ရှိသူတွေနဲ့ အလွယ်လေး ချစ်မိကြတယ်။

၂၁။ ကိုယ့်ရည်စားက တခြားကောင်မလေးနဲ့ရှိနေရင် အကျွံကြီးတွေ လုပ်ပြတတ်တယ်။

၂၂။ ယောက်ျားလေး ကိစ္စ (ဂိမ်း၊ ဘက်စကတ်ဘော…..ကအစ) တွေကို တစ်ခါတလေမှာ လိုက်ပြီး သ၀န်တိုတတ်ကြတယ်။

၂၃။ မိန်းကလေးတစ်ယောက်ရဲ့ အားအနည်းဆုံး နေရာက ခါးပိုင်းပဲ။

၂၄။ သူတို့ချစ်တဲ့သူတစ်ယောက် သူတို့ကို မမြင်ဘဲ မျက်စိလျှမ်း ကျော်တက်သွားရင် ပျော်တတ်ကြတယ်။

၂၅။ ခုကြိုက်၊ ခုဖြတ်လဲ လုပ်တတ်တယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top