iMyanmarHouse.com - Best Property Website for Myanmar
×














မိန်းကလေးတွေထင်ကြတာက အလှအပဆိုတာ အလှပြင်ပစ္စည်းတွေထည့်ထားတဲ့ မိတ်ကပ်အိတ်တွေထဲမှာလို့ပါ။ အလှစစ်ဆိုတာ နှုတ်ခမ်းနီ တစ်တောင့်၊ မျက်တောင်ကော့တံ တစ်ချောင်း၊ မျက်နှာချေ တစ်ခု အပေါ်မှာ မမူတည်ပါဘူး။ အလှစစ်နဲ့ ပက်သက်ပြီး ဒီဆောင်းပါလေးမှာ စာဖတ်သူတို့အတွက် အကြံပြု ပြောပြပေးလိုက်ပါတယ်။

၁။ စိတ်ဓာတ်အင်အား

မိန်းကလေး တစ်ယောက်ဟာ စိတ်ဓါတ်အင်အား မရှိရင် ဆွဲဆောင်မှု မရှိပါဘူး။ အဲဒါကြောင့် ကိုယ်ပိုင် စိတ်ဓါတ်ခံယူချက် မှန်မှန်ရှိဖို့ လေ့ကျင့်လုပ်ဆောင်သင့်ပါတယ်။ ဘဝဆိုတာ အမြဲတမ်း ပျော်ရွှင်နေရတာမျိုးမဟုတ်တာကို နားလည်ထားရပါမယ်။ ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေကို အမြဲတမ်း ကြိုးစား အကောင်ထည်ဖော်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲ။

၂။ အကြင်နာတရား

အပေါ်ယံအရေပြား အလှထက် အတွင်းစိတ်ဖြူစင်ဖို့က အရေးကြီးပါတယ်။ မိန်းကလေးတစ်ယောက်က အချစ်ကို ဘယ်လို ပေးဆပ်ရမလဲ၊ လက်ခံသင့်လဲဆိုတာတွေ နားလည်နေခဲ့မယ်ဆိုရင် နှိုင်းဆလို့မရတဲ့ အလှတရားနဲ့ ပြည့်စုံနေသူ ဖြစ်သွားပါပြီ။

၃။ စိတ်နေစိတ်ထား

မိန်းကလေးတစ်ယောက် စိတ်ကို မပြုပြင်၊ မထိန်းသိမ်းတာဟာ စာရေးဆရာတစ်ယောက် စာမဖတ်ဘဲ စာရေးနေသလိုပါပဲ။ စာပေဗဟုသုတရှိခြင်းဟာ ဆွဲဆောင်မှုရှိယုံတင်မကပါဘူး၊  စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်လည်း လိုအပ်လှပါတယ်။

၎။ စိတ်ဓာတ်ကြံ့ခိုင်မှု

လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ မိန်းကလေးတစ်ယောက်၊ အရှုံးပေးတာကို ငြင်းဆန်တတ်တဲ့ မိန်းကလေးတစ်ယောက်ထက် လှပတာ ဘယ်သူမှ မရှိတော့ပါဘူး။ ဘဝရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေမှာ စွဲစွဲမြဲမြဲနဲ့ ပြီးပြည့်စုံအောင် လုပ်နိုင်စွမ်းရှိတာဟာ စိတ်ဓါတ်ကြံ့ခိုင်မှု ရှိလို့ပါပဲ။ အဲဒီလို မိန်းကလေးမျိုးကို ဘယ်သူကမှ ပြိုလဲအောင်၊ ရှုံးနိမ့်အောင် မလုပ်နိုင်ပါဘူး။

၅။ ယုံကြည်ချက်

ယုံကြည်မှုရှိတယ်ဆိုတာ အနေအထိုင်၊ အပြောအဆို၊ အသွားအလာ၊ အပြုအမူတွေဟာ တည်ငြိမ်အေးချမ်းစွာလုပ်နိုင်တာကို ဆိုလိုတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမကိုယ်ပိုင်ဘဝအတွက် အခြားသူတွေဆီက ယုံကြည်မှုကို အားမကိုးတတ်ပါဘူး။

၆။ ကိုယ်ပိုင်အရည်အချင်း

ကိုယ်ပိုင်အရည်အချင်းရှိတဲ့ မိန်းကလေးကတော့ အလှဆုံး မိန်းကလေးတစ်ယောက်ပါပဲ။ အပေါ်က ပြောခဲ့တဲ့ အရည်အချင်းကောင်းတွေ အားလုံးနဲ့ ပြည့်စုံနေပြီဆိုရင်တော့  သဘာဝက ပေးတဲ့ အလှတရားတွေ ပြည့်စုံကြွယ်ဝနေတဲ့ အလှနတ်သမီး တစ်ပါးပဲ ဖြစ်လာပါလိမ့်မယ်။

Credit : Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top