iMyanmarHouse.com - Best Property Website for Myanmar
×














ပုံမှာ ပြထားတဲ့ ရေခဲမုန့်လေးကို မစားချင်ကြပါလိမ့်မယ်။ အထူးသဖြင့် ကလေးများ ဖြစ်ပါတယ်။ ကလေးဆိုတာ လှတာမြင်ရင် လိုချင်သလို၊ လူကြီးတွေလည်း လှတဲ့ ရေခဲမုန့်ကို ပိုစားချင်ကြမှာပဲ။ အမှန်တော့ အားလုံးဟာ အရသာ အတူတူပဲဆိုတော့ သင်ဘယ်လို လုပ်မလဲ။

ဘဝမှာလဲ ဒီလိုဘဝမှာပဲ။ လူတွေဟာ အပေါ်ယံ အလှတွေ၊ အမြင်ကောင်းမှု အပေါ်တွေကို ခုံမင် တတ်ကြတယ်။ အမှန်တော့ အဓိကနဲ့ သာမညကို မခွဲခြား နိုင်ကြသေးခြင်းပါ။ ဘတ်စ်ကားပေါ် တက်တဲ့အခါ ခုန်တစ်ခုန်ထဲ ရှိရင် လွတ်ရင် ချက်ချင်း ဝင်ထိုင်ပေမယ့် အများကြီး ရှိနေတဲ့အခါ ဘယ်ခုန် ထိုင်ရင် ကောင်းမလဲ သင်ရွေးကောင်း ရွေးနေပါလိမ့်မယ်။ လူတွေဟာ တစ်ခုခုကို လိုအပ်လို့ ရယူတော့မယ်အခါ အပေါ်ယံ အလှ၊ အပေါ်ယံ အမြင်ကိုပဲ ယူလို့ မရပါဘူး။ သူ့ရဲ့ အတွင်း အနှစ်အရသာကို သိဖို့ လိုအပ်ပါတယ်။

ရေခဲမုန့်ချင်းအတူတူ စားလဲ ဒီအရသာပဲ၊ နည်းနည်းလေး ပိုလှတော့ ပိုက်ဆံ ပိုပေးရတယ်။ ဘဝကိစ္စ ကြုံတဲ့အခါ အခက်အခဲကို ဖြေရှင်းဖို့အတွက် လှပါတယ် ဆိုတဲ့ အရာများကို အသုံးပြုတော့ ဘယ်တွင်မလဲ။ လှပပြီး ပျော့ပျောင်းနေမှုထက်၊ အလှ၊မလှထက် အနှစ်အရသာ ရှိတဲ့ အရာများကို ပိုင်ဆိုင်လို့ ကိုယ်ကိုယ်တိုင်လည်း အနှစ်အရသာ အဓိက ကောင်းသူ ဖြစ်ဖို့ လိုအပ် ပါလိမ့်မယ်။

Credit : innewsmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top