iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံကလူငယ်အချို့ကနိုင်ငံခြားကားတွေကြည့်ပြီးအတုယူကြလေ့ရှိပါတယ်။ ဒါပေမယ့်များသောအားဖြင့်တော့စကတ်အတိုဝတ်တာနဲ့ ကလပ်သွားတာလောက်ပဲအတုယူတာ
တွေ့ရပါတယ်။ ကောင်းတဲ့အချက်တွေကိုတော့ သိပ်အတုယူတာမျိုးမတွေ့ရပါဘူး။ (အားလုံးကိုမဆိုလိုပါ။ လူတော်များလည်း တွေ့ဖူးပါတယ်)

ဥပမာအမေရိကန်တွေဆို၇င် ၁၈နှစ်လောက်ရောက်ကတည်းကသူတို့ကျောင်းစရိတ်တွေကို သူတို့ဘာသာစားပွဲထိုးလုပ်ပြီးစ၀င်ငွေရှာကြပါပြီ။ စားပွဲထိုးတစ်ခုထဲမဟုတ်ပါဘူး။ အခြား
ဝင်ငွေရနိုင်မယ့်အလုပ်တွေကိုလည်း ရှာဖွေပြီးလုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာကအလုပ်မှမရှိတာ ဘာလုပ်၇မှာလဲလို့ ဆင်ခြေပေးချင်ရင်တော့ပေးလို့ရပါတယ်။ ဒါဆိုရင် အလုပ်ကိုရော အားသွန်ခွန်စိုက်သင်ရှာကြည့်ဖူးပါသလား? သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့
အရာလို့သဘောထားပြီးရှာခဲ့ဖူးပါသလား? များသောအားဖြင့်တော့တစ်ခါနှစ်ခါ အလုပ်ရှာကြည့်မယ်။ မရရင် လက်လျော့လိုက်ကြတဲ့သူတွေများပါတယ်။ ငါငယ်ပါသေးတယ်လို့ တွေးတဲ့သူတွေလည်းရှိပါတယ်။

အမှန်တော့ ငယ်သေးတာနဲ့အလုပ်မလုပ်တာ ဘာမှမသက်ဆိုင်ပါဘူး။နိုင်ငံခြားသားတွေကို ၁၈နှစ်ပဲရှိသေးလို့အလုပ်မလုပ်သေးတာလို့သွားပြောရင်သူတို့ရယ်ပါလိမ့်မယ်။ဒီတော့
 ကောင်းတဲ့အမူအကျင့်များလည်း အတုယူနိုင်ကြပါစေ။
 
Credit : မိုးရှင်း (I.M.T)
 
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top