iMyanmarHouse.com - Best Property Website for Myanmar
×











ကမ္ဘာကျော် မင်းသားကြီး Sylvester Stallone ဟာ လက်ရှိ သူရိုက်ကူးနေတဲ့ ရုပ်ရှင်တွေကို ကြေညာခဲ့ရာမှာ ရမ်ဘိုရုပ်ရှင် အသစ်လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

သူလက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်တွေဟာ လက်ဝှေ့သမားရော့ကီဇာတ်လမ်းတွေရဲ့ ဇာတ်လမ်းအသစ် Creed နဲ့ Scarpaလို့ ခေါ်တဲ့ အက်ရှင်ကားတွေနဲ့အတူ ရမ်ဘိုရုပ်ရှင်အသစ် ဖြစ်မယ့် Rambo:Last Blood တို့ပါဝင်နေပါတယ်။

ဒီရုပ်ရှင်အသစ်တွေ ရိုက်ကူးပြီးစီးသွားတဲ့ အကြောင်းကို Stallone ဟာTwiiterမှာ ရေးသားခဲ့ရာမှာတော့ သူ့ရဲ့ ပရိသတ်တစ်ချို့က အားပေးခဲ့သလို တစ်ချို့ကတော့ ရမ်ဘိုဇာတ်လမ်းတွေ ကို ရပ်နားသင့်ပြီလို့ ပြောကြပါတယ်။

အခုထုတ်လုပ်မယ့် Rambo:Last Blood ဟာ ၅ ခုမြောက် ရမ်ဘိုဇာတ်လမ်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ First Blood ကို ၁၉၉၂ ခုနှစ်မှာ စတင်ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top