iMyanmarHouse.com - Best Property Website for Myanmar
×











 တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်သော ကင်မူယောနှင့် ယွန်းဆွန်းအာတို့သည် သုံးနှစ်ကျော်ကြာချစ်ကြိုက်ခဲ့ပြီးနောက်လက်ထပ်တော့မည်ဟု ၎င်းတို့၏ အေဂျင်စီများက ဇန်နဝါရီ ၅ရက်တွင် တရားဝင်ကြေညာသည်။

ကင်မူယောနှင့် ယွန်းဆွန်းအာတို့စုံတွဲသည် လာမည့် ဧပြီ ၄ရက်တွင် ဆိုးလ်မြို့ဆင်ခြေဖုံး၌ မင်္ဂလာပွဲကျင်းပလိမ့်မည်ဟု ၎င်းတို့၏ အေဂျင်စီများကပြောသည်။ ၎င်းတို့မင်္ဂလာပွဲအစီအစဉ် အသေးစိတ်ကို မဆုံးဖြတ်ရသေးသော်လည်း မင်္ဂလာပွဲကို မိသားစုဝင်များ၊ အရင်းနှီးဆုံးမိတ်ဆွေများနှင့်သာ သီးသန့်ကျင်းပသွားမည်ဟု အေဂျင်စီများကဆိုသည်။ ၎င်းတို့စုံတွဲ မင်္ဂလာပွဲမှာ ကတိုက်ကရိုက်လက်ထပ်လိုက်ရသော မင်္ဂလာပွဲဖြစ်သည်ဟူသော သတင်းများကို မင်းသမီးယွန်းဆွန်းအာ၏ အေဂျင်စီက ငြင်းဆိုခဲ့သည်။

ယွန်းဆွန်းအာနှင့် ကင်မူယောတို့သည် ၂၀၁၁ နိုဝင်ဘာတွင် စတင်တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦး၏ပတ်သက်မှုကို ၂၀၁၂ ဖေဖော်ဝါရီတွင်မှ ပရိသတ်များအား တရားဝင်အသိပေးခဲ့ကြသည်။ ၎င်းတို့စုံတွဲသည် အိမ်ထောင်ကျပြီးသည့်နောက်တွင်လည်းသရုပ်ဆောင်အလုပ်ကို ဆက်လက်ကြိုးစားလုပ်ကိုင်သွားမည်ဟု ၎င်းတို့၏ အေဂျင်စီများက ပြောခဲ့သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top