iMyanmarHouse.com - Best Property Website for Myanmar
×

လက်ရှိတွင် အောင်မြင်နေသော အဆိုတော် တစ်ဦး ဖြစ်သည့် နီနီခင်ဇော်က သီချင်းများ ဖျော်ဖြေ သီဆိုရာတွင် ခေတ်သစ် အမြင်နှင့် ပါဖော့မန့် အကများကို ပရိသတ် အတွက်  ထူးခြားစွာ တင်ဆက်ဖြစ် နေကြောင်း ပြောသည်။

နီနီက သမားရိုးကျ မဟုတ်ဘဲ  မတူတဲ့  အရာတွေကို ပေးချင်တယ်။ ပရိသတ် အကြိုက်ဆို ပေးတယ်။ တစ်ခါတလေ ကျတော့ နီနီ အကြိုက်ဆို ဖြစ်တယ်။ ဒီလိုမှလည်း အသက်ရှင်ရတာ အရသာရှိတယ်လို့ ထင်တယ်။ ပရိသတ် ကလည်း အချစ် သီချင်း ချိုချိုလေး တွေကို ကြိုက်မှာ ဖြစ်သလို နီနီတို့ဘက်က တင်ဆက်တဲ့ သီချင်းလေးတွေ ကိုလည်း ခံစားကြည့်ပေးပါ။ ပါဖော့မန့်တွေ၊ ခေတ်သစ် အမြင်လေး တွေနဲ့ တင်ဆက်မှုတွေ ကိုလည်း နီနီလုပ်ထား ပါတယ်။ ပါဖော့မန့်က အသစ်တွေပါ။ နီနီလည်း အရမ်းကို ကြိုးစားထားခဲ့ ရတယ်။ ကကွက် အသစ်လေးတွေ ရနိုင်ဖို့၊ လုပ်နိုင်ဖို့၊ ဆိုနိုင်ဖို့၊ အရမ်းကို ကြိုးစားထားခဲ့ ရတယ်။ ဒီလို ကြိုးစားထားတယ် ဆိုပေမယ့် နီနီအတွက် သိပ်တော့ အခက်အခဲကြီး မရှိဘူး။ နီနီက စင်ပေါ်ရောက်လို့ သီချင်းဆိုရင် လှုပ်ပြီးဆို တတ်တဲ့လူ ဆိုတော့ တချို့နေရာတွေမှာတော့ သိပ်အခက်အခဲ မရှိပါဘူး။ အခု နောက်ပိုင်းမှာလည်း သီချင်းနဲ့ တွဲဖက်ပြီး အက ပါဖော့မန့် လေးတွေကို တွဲပြီးတော့ လုပ်ဖြစ်နေပါတယ် ဟု နီနီခင်ဇော်က ပြောသည်။ နီနီခင်ဇော်သည် Single  သီချင်း အနေ ဖြင့် အွန်လိုင်းပေါ်တွင် ဖြန့်ချိနိုင်ရန် စဉ်းစားနေကြောင်း အတွဲခွေများ တွင်လည်း ပါဝင်သီဆို ထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top