iMyanmarHouse.com - Best Property Website for Myanmar
×










 အိမ်ထောင်ပြုတော့မယ့်သူတွေအတွက် ဒါမှမဟုတ် အိမ်ထောင်တစ်ခုထူထောင်ပြီးတဲ့သူတွေ အကုန်လုံးအတွက် အိမ်မှုကိစ္စတွေကို အမျိုးသားရော၊ အမျိုးသမီးပါ ဝေမျှတာဝန်ခွဲယူရမယ့်ကိစ္စဟာ အဲ့ဒီလောက် အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အိမ်မှုကိစ္စတွေကို အမျိုးသားရော၊ အမျိုးသမီးပါ ဝေမျှလုပ်ဆောင်ခြင်းဟာ အိမ်ထောင်တစ်ခုမှာ သင်ထင်တာထက်ကို ပိုအရေးပါသလို အိမ်ထောင်ရေးသာယာမှု ရှိမရှိအပိုင်းတွေနဲ့ပါ ဆက်နွယ်မှုတွေ ရှိနေပါတယ်။

 လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းသည်ယောင်္ကျားတွေ သူတို့နဲ့အတူ အိမ်မှုကိစ္စတွေ ဝေမျှလုပ်ဆောင်ပေးတဲ့အခါ ပျော်ရွှင်မှုကို ပိုမိုခံစားရလာတတ်ပါတယ်တဲ့။
Illinois တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ထားတဲ့ အတွဲပေါင်း ၂၂၀မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့အိမ်မှုကိစ္စအားလုံးဟာ အမျိုးသမီးတွေချည်း လုပ်ဆောင်စရာမလိုအပ်ပဲ ယောင်္ကျားရော၊ မိန်းမမှာပါ တာဝန်ရှိတယ်ဆိုတာထက် အတူတူသာ အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်မယ်ဆိုရင် သူတို့ပျော်ရွှင်ရတဲ့အကြောင်း ဖွင့်ဟသွားပါတယ်။

 ဒါဟာ ကိုယ့်ဇနီးသည်ကို ဘယ်လောက်ချစ်တယ်ဆိုတာလည်း တစ်ဖက်က ပြသရာရောက်တယ် မဟုတ်လား။ ယောင်္ကျားတွေကတော့ အိမ်သန့်ရှင်းရေလုပ်တာ၊ ကြောင်စာကျွေးတာ၊ ချက်ပြုတ်တာမျိုးတွေ လုပ်ဆောင်ရခြင်းအပေါ် ပျော်ရွှင်မှု သိပ်မခံစားကြရပါဘူး။
နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရ ကိုယ့်အမျိုးသမီးနဲ့အတူ ဟင်းဝင်ချက်ပေး၊ အိမ်သန့်ရှင်းရေးကူညီပေးတတ်သူတွေ၊ အထူးသဖြင့် အိမ်မှုကိစ္စတွေကို ခွဲဝေတာဝန်ယူတတ်သူတွေရဲ့ အိမ်ထောင်ရေးဟာ သာယာကြပြီး ဒါဟာ နှစ်ဦးသားရဲ့ သံယောဇဉ်ကြိုးကိုလည်း ပိုမိုခိုင်မာစေတယ်လို့ ဆိုထားပါတယ်။ ဒီအချက်အလက်ဟာ လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းပေမယ့် အိမ်ထောင်သည်တွေအတွက် ရေရှည်မှာ ပိုမိုခိုင်မြဲတဲ့ အိမ်ထောင်ရေး ရရှိစေမယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်တဲ့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှ
ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top