iMyanmarHouse.com - Best Property Website for Myanmar
×











တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး  လီယူရီသည် Jang Bo Ri Is Here ဒရာမာဇာတ်လမ်းတွဲမှ   ဗီလိန်ဇာတ်ရုပ်ဖြင့် ၂၀၁၄ MBC ဒရာမာဇာတ်လမ်းတွဲထူးချွန်ဆုပေးပွဲ၏ အထူးဆုဖြစ်သော Daesang ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

လီယူရီသည် Jang Bo Ri Is Here ဇာတ်လမ်းတွဲ၌ ဗီလိန် ဇာတ်ရုပ်ကို ပီပြင်စွာသရုပ် ဆောင်နိုင်ခဲ့ပြီး ပရိသတ်၏အမုန်း ကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ သည်။ လီယူရီသည် အနုပညာ သက်တမ်း ၁၃ နှစ်တာကာလ အတွင်း ပထမဆုံးအကြိမ်ရရှိ သည့် ယင်းဆုကို လက်ခံရယူစဉ် မျက်ရည်များဝဲနေခဲ့သည်။ လီယူရီသည် လက်ခံရရှိသည်ဆုအတွက် ရိုက်ကူးရေးအဖွဲ့သားများ၊ ထုတ် လုပ်သူများနှင့် ခင်ပွန်းဖြစ်သူတို့ကို ကျေးဇူးတင်စကားပြောကြား ခဲ့ပြီး လာမည့်ဇာတ်လမ်းတွဲများ တွင် ကောင်းမွန်သော ဇာတ် ရုပ်ဖြင့် ပရိသတ်နှင့် ပြန်လည်ဆုံ တွေ့မည်ဟု ပြောကြားသည်။

MBC ဒရာမာဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲ၏ Daesang အထူးဆုရှင်ကို ကြည့်ရှုသူများ၏ မဲစနစ်ဖြင့် ဆုံးဖြတ်လေ့ရှိသည်။

လီယူရီသည် မဲအရေ အတွက် ၅၄ ဒသမ ၁၁ ရာခိုင် နှုန်းဖြင့် ယခုနှစ်ဆုရှင်ဖြစ်ခဲ့သည်။ ၂၀၁၄ MBC ဒရာမာဇာတ်လမ်း တွဲထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၃၀ ရက်ညတွင် ဆိုးလ်မြို့ MBC ရုပ်သံဌာန အဆောက်အအုံ၌ကျင်းပခဲ့ခြင်းဖြစ်သည်။ တစ်နှစ် တာအတွင်း သရုပ်ဆောင်အထူး ချွန်ဆုံးဖြစ်သည့်သူအား ပေး အပ်သည့် Daesang ဆုသည် ဂုဏ်သတင်းအကြီးဆုံးနှင့် နောက် ဆုံးမှပေးအပ်သည့်ဆုလည်းဖြစ် သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top