iMyanmarHouse.com - Best Property Website for Myanmar
×








အနာရောဂါ ပျောက်ကင်းစေနိုင်တဲ့ သတ္တိတို့နဲ့ ကျန်းမာရေးအကျိုးပြုမှုတို့ကြောင့် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက် နှစ်မျိုးစလုံးကို ရှေးတိုင်းရင်းဆေးပညာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုထားပါတယ်။ ဒီတိုင်းရင်းဆေးနည်း အသုံးပြုပါက သင့်ဆံကေသာအသွင်ဟာ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲလာတာ တွေ့ရပါလိမ့်မယ်။

ဒီထူးခြားအံ့သြဖို့ကောင်းတဲ့ ကုထုံးကို တစ်ခါအသုံးပြုရုံ သို့မဟုတ် ဒီ အိမ်တွင်းကုထုံးကို တစ်ရက်လောက် စားသုံးပေးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည် ဇွန်းတစ်ဝက် ကို ရေနွေးနဲ့ ခွက်တစ်ခုထဲ ရောမွှေပေးပါ။ ရောဂါကိုပျောက်ကင်းအောင် ကုသဖို့ရာ ၄င်းရောစပ်ထားတဲ့ အရည်ကို ၄-၅ ခွက်ထိသောက်ပေးရပါမယ်။ ပျားရည်ထမင်းစားဇွန်း(၁)ဇွန်း၊ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည် ဇွန်း(၁)ဇွန်း နဲ့ နွေးတဲ့ သံလွင်ဆီ ဇွန်းအပြည့်တို့နဲ့ လုပ်ထားတဲ့ ဆံပင်လိမ်းဆေးတစ်မျိုးကိုလည်း ဖော်စပ်အသုံးပြုနိုင်တယ်။ ၄င်းကိုဦးရေပြားပေါ်လိမ်းပြီး အနည်းဆုံး ၁၅ မိနစ်ကြာ ထားပြီးပြီဆိုရင် ခေါင်းကို ရေနွေးနဲ့ လျော်လိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top