iMyanmarHouse.com - Best Property Website for Myanmar
×














အနောက်နိုင်ငံတွေ မှာတော့ တင်ပါး အလှကို ဂရုတစိုက် ပြင်ဆင်လေ့ရှိ ပါတယ်။ နှစ်သစ်ကူး ကာလ ပင်လယ် ကမ်းခြေကို ခရီးသွားတဲ့ အခါ ဘီကီနီ ၀တ်စုံကို ၀တ်ဆင်နိုင်ဖို့ လှပတဲ့ တင်ပါး ရှိဖို့ လိုအပ် တယ်လို့ ယူဆထားကြ ပါတယ်။ အမေရိကန် ပြည်ထောင်စုက နာမည်ကျော် မင်းသမီးတွေ ပာာ အခုချိန်မှာ ကျော်ကြားတဲ့ ပင်လယ် ကမ်းခြေမှာ အနားယူရင်း သူတို့ရဲ့အလှပ တရားကို ဖော်ထုတ်ပြ တတ်ကြ ပါတယ်။ ရုပ်သံ စတား ကင်မ်ကာ ဒီရှီယန် ဆိုရင် လှပတဲ့ ခန္ဓာကိုယ်ကြောင့် နာမည်ကျော်နေတာ ဖြစ်ပါတယ်။

ကင်မ်ကာ ဒီရှီယန်ပာာ နှစ်သစ်ကူး မတိုင်မီမှာ တင်ပါး အလှကို ဦးစားပေး ဓာတ်ပုံ ရိုက်ကူးခဲ့ တာကြောင့် လူပြော အများဆုံးခံရ တဲ့သူ  ဖြစ်သွားခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့က အလှပြင်ဆိုင် တွေမှာ တင်ပါး အလှကို အထူးပြုပြင်မှု ပြုလုပ်ပေးနေ ပါတယ်။ ဒီလို ပြုလုပ်ရာမှာ အမေရိကန် ဒေါ်လာ (၅၀၀) ၀န်းကျင် ကုန်ကျမှာ ဖြစ်ပေမယ့် စိတ်ကျေနပ်မှုကို ရှိစေမှာ ဖြစ်ပြီး အန္တရာယ် ဖြစ်မှာလည်း မစိုးရိမ်ရ ပါဘူး။တင်ပါး မှာရှိ နေတဲ့ အဆီတွေကို လေဆာနဲ့ ထုတ်ယူပြီး ချောမွေ့လာအောင် ပြုလုပ် ပေးခြင်း ဖြစ် ပါတယ်။

 စုစုပေါင်း မိနစ်(၄၀) သာကြာမှာ ဖြစ်ပြီး တစ်ကြိမ် ပြုလုပ်ပြီး သွားရင် အနည်းဆုံး ခြောက်လ အထိ လှပနေမှာ ဖြစ်ပါတယ်။ အသက် (၂၁) နှစ် အရွယ်ရှိ လီယာရီနိုက ကမ်းခြေမှာ အပန်းဖြေ ခရီးထွက်ခါနီး တင်ပါး အလှကို ပြင်ဆင်လိုက်ခြင်းကြောင့် ယုံကြည်မှု ရသွားကြောင်း ဆိုခဲ့ပါတယ်။ တင်ပါး အလှကို မျက်နှာပြင်လို အလွယ်တကူ ပြင်နိုင်ပြီ ဖြစ်တာကြောင့် အမျိုးသမီးတွေ အတွက် အားတက်စရာလို့ ဆိုရမှာ ဖြစ်ပါတယ်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top