iMyanmarHouse.com - Best Property Website for Myanmar
×










သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပင်မဲ့၊ သာမန် လူကတော့ နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

ဘဝမှာဘာမဆိုစိတ်ပူလွန်းအားကြီးရင်မကောင်းပါ။ဆိုလိုတာကတော့ ဘောလုံးပွဲတပွဲမှာ
 နိုင်နေတဲ့အသင်းက တဖက်အသင်းကိုဆက်ပြီး ထိုးစစ်မဆင်တော့ပဲ ခံစစ်နဲ့ကစားတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတာ မပြောလဲသိနိုင်မှာပါ။ပွဲပြီးဖို့ မိနစ်ပိုင်း စက္ကန့်ပိုင်းအလိုမှာ တဘက်အသင်းရဲ့ ချေပဂိုးကို အသွင်းခံရပြီး ရှုံးတတ်ပါတယ်။

ဘဝမှာလူတယောက်နေရာတနေရာကိုရပြီးသွားရင်ဒ်ီနေရာကိုကြာရှည်မြဲဖို့လုပ်ရင်လုပ်သလောက်
ကိုယ်ကငယ်တုန်းကရှိခဲ့တဲ့သတ္တိတွေရည်မှန်းချက်တွေ၊ ဇွဲ၊ မဟုတ်မခံစိတ်တွေက ကုန်းခမ်းသွားမှာ အမှန်ပါ။

အဲဒါကြောင့်ကိုယ်ရဲ့အတွက်ကိုပဲစဉ်းစားလာတဲ့အတွက်တဖြည်းဖြည်းကြောက်စိတ်တွေဝင်လာပြီး
အရင်တုန်းကလိုတတ်တတ်ကြွကြွရှိတော့မှာမဟုတ်တော့သလိုဒါလေးကိုဘယ်လိုဆက်လက်ပြီးထိန်းသိမ်း
ရမလဲဆိုတာပဲ ခေါင်းထဲမှာရှိပါတော့တယ်။သူဌေးဖြစ်မယ့်သူကတော့လွတ်လပ်စွာနထိုင်နိုင်ဖို့အတွက်
ကြိုးစားနေတယ်လို့ထင်ကြပင်မဲ့ တကယ်တော့ ပိုက်ဆံအများကြီးရှိပင်မဲ့လည်း စိတ်ကျေနပ်မှု မရှိသေးပါ။

ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိရှိလဲဆိုတာကို သိချင် အလုပ်အသစ်၊ဝါသနာပါတဲ့ကိစ္စကို တခုပြီးတခုလုပ်လေ့ရှိတယ်။ဒါမှသာလျှင်အလုပ်ထဲမှာပဲဖြစ်ဖြစ်၊သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ်ပြာ
ဆိုတဲ့အခါတန်ဖိုးရှိတဲ့စကားတွေကိုပြာနိုင်သလိုကိုယ့်ရဲ့လက်အောက်ငယ်သားကပြောလာတဲ့ကိစ္စကိုလည်း အချိန်တိုတိုအတွင်းမှာဖြေရှင်းနိုင်မှာပါ။

ဘာကြောင့်ပြောနိုင်၊လုပ်နိုင်တယ်ဆိုတာကတော့ ရှင်းရှင်းလေးပါ။
အမြဲတမ်းအားကြိုးမာန်တတ်ဇွဲရှိရှိလုပ်နေလို့ပါပဲ။အဲဒီနေရာမှာ လိုအပ်ရင် ပိုက်ဆံကို အမြဲတမ်း သုံးနေမှာပါ။

သူဌေးတွေဟာ အမြဲတမ်း အားနေပြီး ဇိမ်ရှိရှိနဲ့ အိပ်လိုက် စားလိုက်နေတယ်လို့ မထင်ပါနဲ့။အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး အမြဲအလုပ်လုပ်နေပါတယ်။ပိတ်ရက်ဆိုတာလဲမရှိပါ။အမြဲတည်း အလုပ်အတွက် စဉ်းစားနေပါတယ်။အလုပ်မလုပ်ပဲ သူဌေးဖြစ်ဖို့ဆိုတာကတော့ ပုံပြင်ထဲမှာပဲရှိမှာပါ။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top