iMyanmarHouse.com - Best Property Website for Myanmar
×










ချစ်သူစုံတွဲတွေရဲ့ အမူအကျင့်နဲ့ စိတ်ကျေနပ်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး Dr. Gregory Homish က ဆယ်စုနှစ်တစ်ခုကြာ လေ့လာခဲ့ပါတယ်။ အကျင့်တူ၊ စရိုက်ချင်းတူညီ(အထူးသဖြင့် အရက် နဲ့ ဆေးလိပ်သောက်ခြင်း) တဲ့ ချစ်သူစုံတွဲတွေဟာ သူတို့ ချစ်သူစုံတွဲဘဝကို ကျေနပ်အားရမှု ရှိကြကြောင်း အဆုံးသတ် ရလဒ်အဖြေ ရရှိခဲ့ပါတယ်။ နောက်ပြီး နှစ်ဦးစလုံး အတူ ဆေးလိပ် ဝေမျှသောက်သုံးကြတဲ့ ချစ်သူစုံတွဲတွေထက် အရက်အတူတူသောက်တဲ့ စုံတွဲတွေရဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်ဆံဆက်မှုက ပိုလို့တောင် ခိုင်မြဲကြပါသေးတယ်။ ဒါပေမယ့် အကျင့်စရိုက်ချင်း မတူညီတဲ့ စုံတွဲတွေမှာ စိတ်ပျော်ရွှင် ကျေနပ်မှု ခံစားရဖို့ အလားအလာပိုနည်းပါတယ်။

အရက်ဆိုတာ လူ့စိတ်ကို ညှိုးငယ်ထိုင်းမှိုင်းမှုဖြစ်စေတဲ့ ဆေးဝါးတစ်ခုပင်ဖြစ်တာကြောင့် အဲဒီလို စုံတွဲနှစ်ဦးနှစ်ဖက် မူးရူးနေအောင် အရက်သောက်တဲ့အခါ စိတ်ပျော်ရွှင်ချမ်းမြေ့ဖို့ လျော့နည်းသွားလိမ့်မယ်လို့ ခန့်မှန်းကြပေမယ့် ဒီလေ့လာမှုက အဲ့ဒီခန့်မှန်းချက်ကို သဘောမတူကြောင်း ငြင်းဆိုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top