iMyanmarHouse.com - Best Property Website for Myanmar
×














City FM မှ ချီးမြှင့်သော ဆုကို ရရှိထားသည့် ဘန်နီဖြိုးက Duo အခွေတွင် ကိကိနှင့် အတူ နှစ်ယောက်ပေါင်း သီဆို ထားသည့် အခွေ ဖြစ်သော်လည်း VCD ရိုက်ရန် အတွက် အထူးတလည် ညှိနှိုင်းစရာ မလိုကြောင်း ပြောသည်။

VCD ကတော့ ကိကိ ဘက်ခြမ်းက အရာတွေကို စရိုက် ဖြစ်တယ်။ ကိကိကလည်း ဇန်န၀ါရီလ ထဲမှာ နိုင်ငံခြားကို ပြန်ပြီးတော့ ကျောင်းပြန် တက်ရမှာ ဖြစ်လို့ပါ။ အဲဒါကြောင့် ကိကိဘက်က အရင်ရိုက်ဖြစ် သွားတယ်။ ကျွန်တော့်ဘက်က အခြမ်းတွေ ကိုတော့ ကိကိ ပြီးသွားရင် ရိုက်မှာပါ။ ကျွန်တော်နဲ့ ကိကိနဲ့ နှစ်ယောက်တွဲ အခွေထွက် ထားတယ် ဆိုပေမယ့် ကျွန်တော်တို့မှာ တခြား ထူးထူးခြားခြား ညှိနှိုင်းစရာ မရှိပါဘူး။ ကျွန်တော်ရယ်၊ ကိကိရယ်၊ စိုင်းစိုင်းရယ်၊  Snare တို့ ဆိုတာတွေက အတူတူ ပေါင်းပြီးတော့ အလုပ်လုပ်နေ ကြတဲ့သူတွေ ဖြစ်ပါတယ်။

 စိတ်တူ ကိုယ်တူ ဖြစ်နေလို့သာ ဒီလိုမျိုး အလုပ်တွေ လုပ်ခွင့်ရနေ တာပါ။ တစ်ယောက်က ဒါလုပ်ချင်တယ် ဆိုရင်၊ နောက်တစ်ယောက်က ဒီဟာကို ဘယ်လို ကောင်းအောင် လုပ်ကြ မလဲဆိုတဲ့ အကျင့်က ကျွန်တော်တို့ အားလုံးမှာ ရှိနေတဲ့ အတွက် အရမ်းကို အားသာချက် အနေနဲ့ အဆင်ပြေနေ ပါတယ်။ Duo အခွေကို သင်္ကြန်ပြီးရင် ထွက်ဖို့ စီစဉ်ထား ပါတယ်။

 ကျွန်တော်တို့ တစ်တွေ ထပ်ပြီးတော့ သီချင်းတွေ လုပ်နေဦး မှာပါ။ သီချင်း အသစ်တွေ ကိုလည်း စောင့်မျှော်ပေးပါ ဟု ဘန်နီဖြိုး ကပြောသည်။ ဘန်နီဖြိုးသည် လူပျိုလှည့်တေး တေးစီးရီးဖြင့် City FM မှပေးအပ်သော အရောင်းရဆုံး တေးအယ်လ်ဘမ်ဆုကို ရရှိ ထားသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top