iMyanmarHouse.com - Best Property Website for Myanmar
×











Selena Gomez ဟာ ရုရှားနိုင်ငံမှာ မွေးဖွားတဲ့ ဂျာမန်နိုင်ငံသား EDM စတား Zedd နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အပတ်ကလည်း Golden Globes ဆုပေးပွဲ အခမ်းအနားမှာ တစ်ယောက်နဲ့တစ်ယောက်လက်တွဲပြီး ဓါတ်ပုံ အရိုက်ခံခဲ့သလို အခုလည်း သူတို့ ၂ ယောက်ရဲ့ instagram မှာတင်ထားတဲ့ ဓါတ်ပုံတွေက သူတို့နှစ်ယာက်ရဲ့ အချစ်ရေးကို ၀န်ခံလိုက်သလိုပါပဲ။

လက်ရှိ အတ္တလန်တာမြို့မှာ ရုပ်ရှင်ရိုက်ကူးနေတဲ့ Selena Gomez ဟာ တနင်္ဂနွေနေ့က ပဲ instagram မှာ selfie ဓါတ်ပုံတစ်ပုံ တင်ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာတော့ အမည်ရင်း Anton Zaslavski လို့ခေါ်တဲ့ EDM စတား Zedd ဟာ Selena Gomez ရဲ့ အနောက်နားမှာ ထိုင်နေတာ ဖြစ်ပါတယ်။

Zeddကလည်း သူ့ရဲ့ Instagram မှာ ဓါတ်ပုံတင်ထားခဲ့တာကတော့ Selena Gomez ရဲ့ အိပ်ရာပေါ်က ဓါတ်ပုံဖြစ်ပြီး “Oh hi derrling” လို့လည်း သူကရေးသားထားပါသေးတယ်။ Zedd နဲ့ Selena Gomez ဟာ သီချင်းအသစ်တစ်ပုဒ်ကိုလည်း ၂ ယောက်တွဲပြီး ဖန်တီးနေကြတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top