iMyanmarHouse.com - Best Property Website for Myanmar
×








အရင်က Teen Mom အကျော်အမော် တစ်ယောက်ဖြစ်ခဲ့တဲ့ Farrah Abraham ဟာ သပ်သပ်ရပ်ရပ် မရှိလှတဲ့ နှုတ်ခမ်းသားထူအောင် ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Twitter လူမှုကွန်ယက်ပေါ် ဒီကနေ့ အစောစောပိုင်းက တင်လိုက်တာဟာ ဆိုးဆိုးရွားရွားအမှား တစ်ခုဖြစ်သွားခဲ့တယ်လို့ TMZ သတင်းအရသိရပါတယ်။ သူမ ထုံဆေးနဲ့ ဓာတ်မတည့်မှု တစ်ခုရှိခဲ့တယ်လို့လည်း သိရတယ်။

ပုံထဲမှာ သူမမျက်နှာသစ်ပြီးခါစ ပုံကို တင်ထားတာဖြစ်ပြီး သူမကိုယ်သူမ လက်ညွန်းထိုးကာ လှောင်ပြောင်သရော်သလို လုပ်ပြခဲ့ပါတယ်။ ဒါ့ကြောင့်မို့ သူမရဲ့ ဟာသခံစားတတ်မှုကြောင့် နောက်ဆုံးတော့ အဆင်ပြေသွားပြီး နောက်ပိုင်း ခုလို ဖူးယောင်တာတွေကျသွားမယ်လို့ မျှော်လင့်ရပါတယ်။

အဲ… ဒါပေမယ့်လို့ ခုချိန်မှာ သင့်အတွက် အချိန်မီ သတိပေးထားတာနော်…။ နှုတ်ခမ်းအလှအတွက် ဆေးထိုးတာတို့၊ ပြုပြင်တာတို့ လုပ်မယ်ဆို သတိထားဖို့ပေါ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top