iMyanmarHouse.com - Best Property Website for Myanmar
×









နှစ်တစ်နှစ် ပြီးဆုံးသွားပြီဆိုတာနဲ့ အကောင်းဆုံးရွေးချယ်မှုတွေ အမြဲတမ်းထွက်ရှိလာခဲ့ပါတယ်။ ခုတစ်ခါမှာတော့ 4minute ရဲ့ အဖွဲ့ဝင် Kim HyunAရဲ့ Red မြူးဇစ်ဗီဒီယိုဟာ Rolling Stone က ရွေးချယ်တဲ့ ၂၀၁၄ခုနှစ်ရဲ့ အကောင်းဆုံး မြူးဇစ်ဗီဒီယို ၁၀ခုမှာ နံပါတ်(၅) ချိတ်ခဲ့ပါပြီ။ Kpop ဂီတရေစီးရဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ HyunA ဟာ မသိသူမရှိသလောက်ပါပဲ။ ခုလည်း သူ ဇူလိုင် ၂၇တုန်းက ထွက်ရှိထားတဲ့ mini-album  A Talk ထဲက single သီချင်း Red ရဲ့ မြူးဇစ်ဗီဒီယိုဟာ ပရိသတ်တွေကြား တော်တော်လေးရေပန်းစားခဲ့တာမို့ Taylor Swift၊ Sia ၊ Beyonce တို့နဲ့တောင် ယှဉ်ရွေးခံလာရတဲ့အထိ HyunA ရဲ့ ကြိုးစားမှုတွေ အရာထင်လာခဲ့တာပါ။

ဆုတွေရွေးချယ်ရတဲ့ Rolling Stone က Jessica Suarez ကတော့ "HyunA ရဲ့ K-pop ပုံစံဟာ အီလက်ထရိုပုံစံ၊ trap မြူုးဇစ်ပုံစံ နဲ့ ဟစ်ဟော့ဂီတကို ရောထားတာမျိုး ဖြစ်ပြီး ဆန်းလည်းဆန်းတယ်"လို့ ပြောထားပါတယ်။ သူမရဲ့ Red မြူးဇစ် ဗီဒီယိုဟာ ခုဆိုရင် YouTube မှာ ကြည့်ရှုသူ သန်း၂၀ ကျော်သွားပြီဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top