iMyanmarHouse.com - Best Property Website for Myanmar
×











K-pop ပရိသတ်တွေ၊ အထူးသဖြင့် Big Bang က Taeyang ရဲ့ ပရိသတ်တွေကတော့ Min Hyo Rin ကို သိပြီးဖြစ်မှာပါ။ သူမဟာ ခုနောက်ဆုံး ထွက်ရှိထားတဲ့ Taeyang ရဲ့ "Eyes,Nose and Lips"ဆိုတဲ့ မြူးဇစ်ဗီဒီယိုထဲမှာ ပါဝင်ထားတဲ့ တစ်ယောက်ပါပဲ။ အထူးတလည် သူမရဲ့ သရုပ်ဆောင်ချက်တွေ မပါပေမယ့် သူမပုံကို နောက်ဆုံးပြလိုက်တာကြောင့် ဒါဟာ Taeyang ကြိုက်တဲ့ မျက်လုံး၊ နှာခေါင်းနဲ့  နှုတ်ခမ်း ပိုင်ရှင်များလားရယ်လို့ တွေးထင်ကုန်ကြပါပြီ။

ကောလာဟလသတင်းတွေ ထွက်ရှိနေတာကို ပြန်လည်အဖြေထုတ်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်နီးစပ်မှုတွေရှိနေတယ်ဆိုတာ အချက်(၃)ချက်နဲ့ ကောက်ချက်ချနိုင်ပါတယ်။

၁။Min Hyo Rin ဟာ Big Bang က G-Dragon ရဲ့ ကောင်မလေး Kiku Mizuhara ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ အေဂျင်စီတွေက G-Dragon နဲ့ Kiku တို့ဘာမှမဟုတ်ပါဘူးလို့ ဘယ်လောက်ငြင်းငြင်း သူတို့နှစ်ယောက်ကို မီဒီယာတော်တော်များများက ပါတီပွဲတွေမှာ အင်္ကျံဆင်တူ၊ အဆင်တန်ဆာတွေ ဆင်တူဝတ်ဆင်ပြီး စုံတွဲအနေအထားနဲ့ ခဏခဏကို တွေ့ခဲ့ရပြီးပြီမို့ ဒါကိုတော့ အတည်ပြုနိုင်ပါတယ်။ ဒီတော့ Kiku က Taeyang ရဲ့ မြူးဇစ်ဗီဒီယိုမှာ Min Hyo Rin ပါစေဖို့ အကြံပေးတယ်။ တစ်ခုသေချာတာကတော့ Taeyang ဟာ ဒီကောင်မလေးကို မြင်လို့ ဒီသီချင်းစပ်တာမျိုးတော့ မဟုတ်ပါဘူး။ ခု မြူးဇစ်ဗီဒီယိုရိုက်တော့မယ်ဆိုမှ သူတို့ခင်မင်သွားဟန်တူပါတယ်။ အကြိုဒိတ်လို့တောင် ပြောရမလားပဲ။

၂။နောက်ထပ် ကြားရတဲ့ သတင်းကတော့ Min Hyo Rin ကို Taeyang နဲ့အတူတူ စားသောက်ဆိုင်တွေမှာ မြင်တွေ့ရတယ်ဆိုတာဖြစ်ပြီး Taeyang ရဲ့ ဖျော်ဖြေပွဲတွေမှာလည်း သူမရှိနေခဲ့ပါတယ်တဲ့။ ဒီဟာကို သက်သေပြဖို့ ပုံတွေဘာတွေ မရှိပေမယ့် သူတို့သွားတယ်ဆိုတဲ့ဆိုင်မှာ Taeyang ရဲ့ မန်နေဂျာက ဓာတ်ပုံတွေဘာတွေ  ရိုက်ထားတာကိုတော့ အားလုံးမြင်ဖူးနေကြပါတယ်။ ဒါ့အပြင် Min Hyo Rin ကိုလည်း အဲ့ဒီစားသောက်ဆိုင်မှာပဲ ဓာတ်ပုံရိုက်ထားတာ တွေ့ရပြန်ရော။ ဒါအတူတူ သွားပြီး ခွဲရိုက်ထားတာလား။ ဒါမှမဟုတ်သွားတဲ့ အချိန်တကယ်မတူတာလားဆိုတာတော့ စဉ်းစားရမှာပါ။

၃။Taeyang နဲ့ Min Hyo Rin တို့နှစ်ယောက်စလုံးဟာ အင်္ကျံဆင်တူတွေရှိနေတတ်ပြီး လက်စွပ်နဲ့ sneaker တွေကအစ တူနေတတ်တာမျိုးတွေလည်း ခဏခဏကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ တကယ်ကို လိုက်ဖက်ညီတဲ့ အတွဲလေးမို့ အတိအကျ ဘယ်တော့သိရမလဲဆိုတာ စောင့်ရဦးမှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top