iMyanmarHouse.com - Best Property Website for Myanmar
×










ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့  Leonardo DiCaprio နဲ့ Rihanna တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ တစ်ပတ်ကပြုလုပ်တဲ့ Playboy Mansion ပါတီပွဲမှာ တစ်ဦးနဲ့တစ်ဦး အနမ်းခြွေခဲ့တယ်လို့ မျက်မြင်သက်သေတစ်ချို့က ဖွင့်ဟလာကြပါ တယ်။ တစ်ချို့ကလည်း ဒီလိုနမ်းတာမျိုး မမြင်မိဘူးလို့ ဆိုပေမယ့် တစ်ချို့ကလည်း နှစ်ကြိမ်လောက်တောင် နမ်းခဲ့တာပါတဲ့။

Leo ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ နမ်းတာမမြင်မိပါဘူး။ ပါတီအပြီး အတူတူထွက်သွားတာတော့ သိတယ်လို့ ဖွင့်ဟသွားပါတယ်။ ခက်တာက ဘယ်ဟာကိုမှ အတည်ပြုလို့မရတာပါပဲ။ သူတို့နှစ်ဦးပါတီအပြီး အတူထွက်သွားခဲ့သလား ဆိုတာကလည်း မြင်တဲ့သူမြင်ပြီး မမြင်တဲ့သူက မမြင်ခဲ့ပါဘူး။

ဒီကောလာဟလတွေ ထွက်ရှိလာပြီးတဲ့နောက်မှာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို ပိုမိုစောင့်ကြည့်လာကြပါပြီ။ တကယ်ဆိုရင်တော့ သူတို့အတွဲလည်း သူများတွေထက် ထူးခြားတဲ့ အတွဲတစ်တွဲ ဖြစ်လာဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ နှစ်ဦးစလုံးက ပရိသတ်တွေ သဲသဲလှုပ် အားပေးကြတဲ့ ကမ္ဘာကျော် နာမည်ကြီး အနုပညာရှင်နှစ်ယောက် ဖြစ်နေလို့ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top