iMyanmarHouse.com - Best Property Website for Myanmar
×














တစ်နှစ်ခန့်ကြာအောင် ရိုက်ကူးရေးရပ်နားထားခဲ့သော တောင်ကိုရီးယားသရုပ်ဆောင်မင်းသားလီဒုံဂွန်သည် tVn ရုပ် သံလိုင်း၏ Super Daddy အမည်ရ ရုပ်သံဇာတ်လမ်းတွဲသစ်၌ ပါဝင်သရုပ်ဆောင်ခြင်းဖြင့် အနုပညာလှုပ်ရှားမှုများ ပြန်လည်စတင်မည်ဖြစ်သည်။

လီဒုံဂွန်သည် ၂၀၁၃ တွင် Marry Him If You Dare ဒရာမာဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် tVn ရုပ်သံလိုင်းဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၂ ရက်တွင် tVn ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် Super Daddy ဇာတ်လမ်းတွဲ၌ လီဒုံဂွန်နှင့် လီယူရီတို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်မည်ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲတွင် လီဒုံဂွန်က ဖခင်ကောင်း တစ်ဦးဖြစ်ရန် အပြင်းအထန်ကြိုးစား သည့် ကင်ယောဆိုသူ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ကင်ယောသည် ကင်ဆာရောဂါဖြစ်နေသည့် အချစ်ဦး၏ သမီးအတွက် ဖခင်ကောင်းတစ်ဦးဖြစ်ရန်ကြိုးစားသည်ကို ပရိသတ်များ ရှုမြင်ခံစားရမည်ဖြစ်သည်။ Super Daddy ဇာတ်လမ်းတွဲကို Heartto Heart ဇာတ်လမ်းတွဲပြီးနောက် မတ်လ ၂၂ရက် ည ၈နာရီခွဲတွင်tVn ရုပ်သံလိုင်းက ထုတ်လွှင့်မည်ဟု သိရသည်။  

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top